ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းပေါ်က တံတားတစ်စင်းမှာ မိုင်းကွဲမှုဖြစ်ပွား

မတ် ၊ ၂၈ ၊ ၂၀၂၁
KTG

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ မော်လူးမြို့နယ်ခွဲ ၊ စီးမှော်ကျေးရွာအနီး ရွှေဘို- မြစ်ကြီးနား ဗျူဟာကားလမ်းပေါ်က နမ့်ဒယ သံကူကွန်ကရစ်တံတားပေါ်မှာ ဒီကနေ့ မတ် ၂၈ နံနက် ၁ နာရီဝန်းကျင်လောက်က မိုင်းကွဲမှုဖြစ်ပွားခဲ့တယ်လို့ မော်လူး ဒေသခံတွေဆီကနေ သိရပါတယ်။

ဖျက်အားပြင်း မိုင်းဒဏ်ကြောင့် တံတားရေလယ် ပိုင်တိုင်နဲ့ ကွန်ကရစ် လက်ရမ်းတွေပျက်စီးသွားတဲ့အပြင် တံတားကြမ်းခင်း စလစ်ပျင်ပါ ပေါက်ထွက်ပျက်စီးသွားခဲ့ပါတယ်။

မော်လူးဒေသခံတစ်ယောက်က ” နမ့်ဒယ တံတားမိုင်းခွဲခံရတာကြောင့် လူသုံးကုန်ပစ္စည်းတွေ ကုန်သွယ်မှုထိခိုက်လာမှာကို စိုးရိမ်တယ် ၊ ဒီဘက် ဒေသမှာက အခုဆို မိုးဦးကျသလိုဖြစ်နေပြီ ၊ဒီကြားထဲ ကုန်သွယ်မှု ပြတ်တောက်ရင် စားဝတ်နေရေး အားလုံး အခက်တွေ့နိုင်တယ် ” လို့ ပြောပါတယ်။

နမ့်ဒယ တံတားမှာ မိုင်းကွဲမှုဖြစ်စဥ် ဖြစ်ပွားပြီးနောက် နာရီပိုင်းအတွင်းမှာပဲ စစ်ကားများစွာနဲ့ စစ်သားတွေ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW