ဖားကန့်၊အေးမြသာယာ သပိတ်စစ်ကြောင်း ၄၆ ရက်မြောက်နေ့ ဆန္ဒထုတ်ဖော်

ဖားကန့်၊ မတ်လ-၃၀ -၂၀၂၁
နောင်ရိုး

ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်းဟာ ဒီနေ့မတ်လ ၃၀ မနက်ပိုင်းအချိန်က ကျေးရွာအုပ်စုအတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

အလားတူ လုံးခင်းသပိတ်စစ်ကြောင်းဟာလည်း ကျေးရွာအုပ်စုအတွင်း ဆိုင်ကယ်တွေနဲ့ လှည့်လည်ဆန္ဒဖော်ထုတ်နေကြောင်း သိရပါတယ်။
ဖားကန့်ဒေသမှာ ဆန္ဒပြမှုတွေ နေ့စဥ်ဖြစ်ပေါ်နေပြီး ဒီနေ့ဆို၄၆ ရက်တိတိ ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။

မတ်လ-၂၇ ရက်နေ့က အေးမြသာယာသပိတ်စစ်ကြောင်းကို ပစ်ခတ်ဖြိုခွဲတာမှာ အသက် (၁၉)နှစ်အရွယ်ရှိ မောင်သန့်ဇော် ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

မတ်လအတွင်း ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားနှစ်ဦးကျဆုံးပြီး လူနှစ်ဆယ်နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW