မူဆယ်မှာ ဆန္ဒပြသူတဦး ဦးခေါင်းကျည်ထိမှန် သေဆုံး

မတ်လ ၃၀၊ ၂၀၂၁
Shayi Violin(VOM)

ဒီနေ့ မတ် ၃၀ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က မူဆယ်မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ပြီး လူစုခွဲခဲ့တာကြောင့် အသက် ၃၅ နှစ်ရှိ ကိုညိုမင်းသူ ဦးခေါင်းကျည်ထိမှန် ဒဏ်ရာနဲ့ ကျဆုံးခဲ့တယ်လို့ ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်သူတွေဆီက သိရပါတယ်။

မူဆယ်မှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းတာကြောင့် ၄ ဦးကျဆုံးခဲ့ပြီး ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #မူဆယ် #ကိုညိုမင်းသူ

Related posts

VOM News

FREE
VIEW