ကလေးမြို့က ကိုမင်းညို (ခ) ကိုမျိုးရဲ့ ဈာပန

ကလေး-မတ်၃၁-၂၀၂၁
သိမ်မွေ့ကဗျာ

ကလေးမြို့မှာ မတ်လ ၂၈ ရက်ညပိုင်းက စစ်တပ်နဲ့ရဲတပ်ဖွဲ့၀င်တွေ ပတ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ အသက် ၃၆ နှစ်အရွယ် ‌ကိုမင်းညို (ခ) ကိုမျိုးရဲ့ စဈာပနကို မတ်လ ၃၀ ရက် နေ့လည် ၁ နာရီက ကလေးမြို့နယ်ပြည်သူလူထုက သာစည်‌ကျေးရွာက သုဿန်သို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ကိုမင်းညိုဟာ မတ်လ ၂၈ ရက် ည ၈း ၂၀ ၀န်းကျင်မှာ သူနေထိုင်တဲ့ ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက် သိမ့်ခန်းမအနီးမှာ စစ်ကားပေါ်ကနေ ကျည်အစစ်နဲ့ လှမ်းပစ်လိုက်တာကနေ နောက်ကျောကျည်ထိမှန်ဒဏ်ရာနဲ့ ည ၁ဝး ၅၅ မိနစ်၀န်းကျင်မှာ အသက်ဆုံးရှုံးသွားတယ်လို့ ‌သူ့ရဲ့ဆွေမျိုးတွေက ပြောပြပါတယ်။

သာစည်ရွာသုဿန်ဆီ ပို့ဆောင်မြေမြှုပ်ပေးခဲ့ကြတဲ့ သူ့ရဲ့ဈာပနမှာတော့ ပြည်သူလူထုက အာဏာရှင်ကို ကာကွယ်ပေးနေသူတွေကို ကျိန်စာတိုက်ခဲ့ကြတာလည်း တွေ့ရပါတယ်။

#voiceofmyanmar #VOM #ကလေးမြို့ #ကိုမင်းညိုရဲ့ဈာပန

Related posts

Leave a Comment

VOM News

FREE
VIEW