ရန်ကုန်မှာ ကျဆုံးခဲ့တဲ့ ကိုရှိုင်းထက်အောင်ရဲ့စျာပန မွေးရပ်မြေမှာ ကျင်းပ

မတ် ၃၁-၂၀၂၁
KLY(VOM)

ပြီးခဲ့တဲ့မတ်လ၂၇ ရက်က ရန်ကုန်တိုင်း တာမွေမြို့နယ် သပိတ်စစ်ကြောင်းမှာ စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲစဉ် လက်ပစ်ဗုံးလို့ ယူဆရတဲ့အရာ ထိမှန်သေဆုံးခဲ့တဲ့ ကိုရှိုင်းထက်အောင်ရဲ့ဈာပနအခမ်းနားကို ဒီနေ့ မွန်းတည့် ၁၂ နာရီက မွေးဇာတိ ဒိုက်ဦးမြို့နယ် မှော်အင်းကျေးရွာသုဿန်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

“ဒိုက်ဦးသား သုံးဦးတော်လှန်ရေးမှာ အသက်ပေးခဲ့တာ ဝမ်းနည်းရသလိုဂုဏ်လည်း ယူပါတယ်။လိုက်ပို့ဆောင်သူ မနည်းဘူး” လို့ ဒိုက်ဦးမြို့ခံတစ်ဦးက ပြောပါတယ်။

လက်ပစ်ဗုံး အနားလာကျချိန် ကောက်ယူပြီး ပြန်ပစ်ဖို့ ကြိုးစားရင်း ပေါက်ကွဲပြီး သေဆုံးခဲ့တာလို့ ပြောဆိုမှုတွေရှိပေမယ့် လက်ပစ်ဗုံးအစစ်ဟုတ်မဟုတ်ကိုတော့ VOM အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။

အသက် ၂၆ နှစ်အရွယ် ကိုရှိုင်းထက်အောင်ဟာ တောင်ငူ နည်းပညာတက္ကသိုလ်ကျောင်းဆင်းတစ်ဦးဖြစ်ပြီး မီဒီယာလုပ်ငန်းလုပ်ကိုင်ချင်တယ်လို့ သူရဲ့ဖေ့ဘုတ်စ်စာမျက်နှာမှာရေးသားထားဖူးပါတယ်။

ဓါတ်ပုံ-CJ

#VoiceOfMyanmar #VOM #တာမွေ #လက်ပစ်ဗုံးကွဲ #ဒိုက်ဦးသား #တောင်ငူနည်းပညာတက္ကသိုလ် #ကိုရှိုင်းထက်အောင်

Related posts

Leave a Comment

VOM News

FREE
VIEW