ပဲခူးမှာ သတင်းပေးလို့ သမုတ်ခံရသူ ဓားနဲ့ခုတ်သတ်ခံရ

ဧပြီ ၁-၂၀၂၁
KLY(VOM)

ပဲခူးမြို့နယ် အလင်းရောင်ရပ်ကွက်ထဲ နေထိုင်ပြီး သတင်ပေးလို့ သမုတ်ခံထားရသူ တစ်ဦး မနေ့ မတ် ၃၁ရက် ည ၉နာရီခွဲလောက်က ဓားနဲ့ခုတ်သတ်ခံထားရတဲ့ လက္ခဏာနဲ့ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက စုံစမ်းသိရပါတယ်။

“သူက ရပ်ကွက်ထဲမှာ လူမိုက်လို့လည်းပြောရမှာပါ။ဒေသခံတွေကတပ်နဲ့ရဲကိုသတင်းပေးနေတယ်လို့ ယူဆထားပြီး အခင်းဖြစ်ချိန် ဓါးဒဏ်ရာ‌တွေနဲ့ သေဆုံး နေတာပါ” လို့ ဒေသခံ အ မျိုးသားတစ် ဦးက ပြောပါတယ်။

မနေ့ညက ပဲခူးမြို့နယ် အလင်းရောင်ရပ်ကွက်နေ ဦးသန်းထူး(၅၈ နှစ်)ဟာ နေအိမ်ရှေ့မှာလမ်းထွက်လျှောက်နေတုန်း ဓါးနဲ့ခုတ်သတ်ခံခဲ့ရတာဖြစ်ပြီး လူအချို့က ဝင်ရောက် လုပ်ကြံ သတ်ဖြတ်ခဲ့တယ်လို့ယူဆရပေမယ့် ပြစ်မှုကျူးလွန်သူကို မျက် မြင်တွေ့ရှိသူမရှိကြောင်း သိရပါတယ်။

ဓါးခုတ်ခံရတဲ့ ဦးသန်းထူးဟာ ‌ပဲခူးဆေးရုံကြီးကို ပို့ဆောင်ကုသနေချိန် သေဆုံးခဲ့တာဖြစ်ပြီး အဲ့ဒီလူသတ်မှုနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့က စစ်ဆေးနေတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ပဲခူး #သတင်းပေးအသတ်ခံရ #ဦးသန်းထူး

Related posts

Leave a Comment

VOM News

FREE
VIEW