ဗကသများအဖွဲ့ချုပ်အပါအဝင် စစ်ကြောင်း ၃ ခုပေါင်းပြီး ချီတက်ဆန္ဒပြ

မန္တလေး၊ ဧပြီ ၁- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့မှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်း သားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် ဘုရားကြီးသပိတ်စစ်ကြောင်း၊ အမှတ်(၇) ကျော င်းသူကျောင်းသားဟောင်းတွေရဲ့ သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဒီကနေ့မနက်ပိုင်းက ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဗကသ စစ်ကြောင်းနဲ့ ပူးပေါင်းဖို့ ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသမီး၂ ဦးနဲ့ အမျိုး သား ၁ ဦးကို သိပ္ပံလမ်းနဲ့ ၆၂ လမ်းထောင့်မှာ စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ သူငယ်ချင်းတွေက ပြောပါတယ်။

မန္တလေးမြို့ရဲ့ နေရာအတော်များများမှာလည်း ရပ်ကွက်အလိုက် လမ်းအလိုက် နည်းမျိုးစုံလင်စွာ ဆန္ဒပြနေကြတာကို တွေ့ရပါတယ်။

#VOM #voiceofmyanmar #Mandalay #ဗကသ #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW