ယင်းမာပင်မြို့နယ်၊သပြေအေးရွာ ပစ်ခတ်မှုဖြစ်ရွာသား(၄)ဦးကျည်ထိမှန်ပြီး(၄)ဦးအဖမ်းခံရ

ယင်းမာပင်၊ ဧပြီ ၂-၂၀၂၁
ထွန်းတောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်မြို့နယ်သပြေအေးကျေးရွာကို ဒီကနေ့ဧပြီလ (၂)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်မှာ ရဲနဲ့စစ်တပ်ကလာဝိုင်းရာ ပစ်ခတ်မှုဖြစ်ပြီး ရွာသား(၄)ဦးကျည်ဆံထိမှန်ကာ (၄)ဦးအဖမ်းခံထားရတယ်လို့ သိရပါတယ်။

“သူတို့ကကျုပ်ကိုလိုချင်တာ၊ မနက်သုံးနာရီကျော်လောက်ကတည်းကလာဝိုင်းတာ၊အင်အား(၁၀၀)ကျော်လောက်ရှိတယ်၊ကျုပ်ကိုမမိလို့ရွာသား(၄)ယောက်ကို ဓားစာခံလုပ်ပြီးဖမ်းသွားတယ်၊အခုတော့တပ်ဆုတ်သွားကြပြီ” လို့သပြေအေးဆရာတော် ဦးသောပါက ကဆိုပါတယ်။

လက်ရှိအခြေအနေမှာ သပြေအေးရွာကို ရဲနဲ့စစ်တပ်ကဝိုင်းပစ်တဲ့အတွက် ယင်းမာပင်မြို့နယ်နဲ့ကနီမြို့နယ်ကျေးရွာတွေက သပိတ်ဦးဆောင်အဖွဲ့တွေဟာ သပြေအေးရွာကိုသွားနိုင်တဲ့လမ်းတွေကို ပိတ်ဆို့တားဆီးထားတယ်လို့လည်းသိရပါတယ်။

#voiceofmyanmar #vom #ယင်းမာပင်

Related posts

Leave a Comment

VOM News

FREE
VIEW