CNNကို အင်တာဗျူးဖြေတဲ့ မင်္ဂလာဒုံစျေးကအမျိုးသမီးနှစ်ဦး အဖမ်းခံရ

ရန်ကုန်၊ဧပြီ ၂၊၂၀၂၁
အေးချမ်းသူ(VOM)

မဂ်လာဒုံမြို့နယ်မှာ ဒီနေ့ ဧပြီ ၂ရက် ညနေ၂နာရီက CNNသတင်းဌာနကနေ မေးမြန်းမှု အင်တာဗျူးဖြေဆိုခဲ့တဲ့ အမျိုးသမီးနှစ်ဦးဖမ်းဆီးခဲ့ရကြောင်း မျက်မြင်ဒေသခံတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

ဖမ်းဆီးခံရတာကို တွေ့ရှိခဲ့သူတစ်ဦးက “မင်္ဂလာဒုံစျေးထဲမှာ CNNသတင်းဌာနရဲ့ အင်တာဗျူးကိုဖြေပေးခဲ့တဲ့ အမျိုးသမီးနှစ်ဦးကို အရပ်ဝတ်တွေနဲ့ လာဖမ်းသွားတာပါ”ဟုပြောပါတယ်။

CNNသတင်းဌာနအား အင်တာဗျူးပြီးနောက် ပြန်သွားချိန်မှာ အရပ်ဝတ်နဲ့ အမည်မသိသူနှစ်ဦးက မဂ်လာဒုံတပ်နယ်မှူးရုံးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပြောပြပါတယ်။

အလားတူပဲ ဒီနေ့မနက်ပိုင်းကလည်း အင်းစိန်မြို့နယ်က ၁၀ မိုင်စျေးမှာ CNNသတင်းဌာနရဲ့ မေးမြန်းမှုကိုဖြေဆိုခဲ့တဲ့ အမျိုးသမီးနှစ်ဦးဖမ်းဆီးခဲ့ပြီး နေ့လယ်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #vom #မင်္ဂလာဒုံ #CNNကိုဖြေသူဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW