တာမွေမှာ ဆန္ဒပြသူတွေကို အိမ်တွေပေါ်ထိ တက်ဖမ်းလို့ ၈ဦးဖမ်းဆီးခံရ

ရန်ကုန်၊ဧပြီ ၄-၂၀၂၁
အေးချမ်းသူ(VOM)

တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်မှာ အာဏာရှင်ဆန့်ကျင်ရေး ပါဝင်သူ ၈ဦးကို ဒီနေ့ ဧပြီ ၄ရက် နေ့လယ်ပိုင်းက စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွဆီက သိရပါတယ်။

ဓမ္မစိန္တလမ်းမှာ နေထိုင်သူတစ်ဦးက “အိမ်ပေါ်ထိကို တက်ဖမ်းတာ တစ်ချို့ပြေးတာတွေ့ရင်တောင်မိသွားရင် ရိုက်တာနှက်တာတွေရှိတယ်”လို့ ပြောပါတယ်။

စစ်တပ်က ဒီနေ့ နေ့လယ် ၁၁နာရီခွဲလောက်က စတင်ပြီး ဣစာသယ မလွှကုန်း အပေါ်ပိုင်း အောက်ပိုင်း ကျိုက္ကဆံ ၊ကျားကွက်သစ် ၊သတိပဌာန်လမ်းတွေက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အိမ်တွေပေါ်ထိ ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တာမွေမြို့နယ်မှာ စစ်တပ်က နှစ်ရက်အတွင်း အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်သူ ၁၁ဦးကိုဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်မှာ သတိပဌာန်လမ်းကို စစ်ကားနဲ့ စောင့်ကြည့်ကာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတယ်လို့ သိရပါတယ်။

မနေ့ကလည်း ကျောက်တံတားမြို့နယ်မှာ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲ ပါဝင်ခဲ့သူ၇ ဦးကို စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေဖမ်းဆီးခဲ့ပါသေးတယ်။

#voiceofmyanmar #vom #တာမွေ #သတိပဌာန်လမ်း #ကျိုက္ကဆံ #ကျားကွက်သစ်

Related posts

Leave a Comment

VOM News

FREE
VIEW