ဘုရားကြီးသပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်ကြောင်း ၄ ခုပေါင်းပြီး ဆန္ဒပြ

မန္တလေး၊ ဧပြီ ၄ – ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့ တမ္ပဝတီရပ်ကွက်မှာ ဘုရားကြီးစစ်ကြောင်းဦးဆောင်ကာ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အ-ထ -က အမှတ် (၇) ကျောင်းသူ/သားဟောင်းများအဖွဲ့၊ မန္တလေးမြို့ပေါ် တက္ကသိုလ် ဒီဂရီကောလိပ်များက ဆရာ/မ နဲ့ ကျောင်းသူ/သားများအဖွဲ့တွေအပြင် လူငယ်တွေ စုပေါင်းကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

တပ်ပေါင်းစုသပိတ်စစ်ကြောင်း မထွက်ခွာမီမှာ မတ်လ ၂၇ ရက်နေ့က တမ္ပဝတီရပ်ကွက် အခြေခံပညာကျောင်း အမှတ်(၃) ရှေ့မှာ စစ်တပ်နဲ့ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၈ နှစ်အရွယ် ကိုဟိန်းသန့်ရဲ့ ရက်လည်နေ့လည်းဖြစ်တာကြောင့် အလေးပြုခြင်းအခမ်းအနားလည်း ပြုလုပ်ခဲ့ပါတယ်။

#VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #မန္တလေး #ဗကသ

Related posts

Leave a Comment

VOM News

FREE
VIEW