ဖားကန့်က ၅၂ ရက်မြောက် ဆန္ဒပြပွဲ

ဖားကန့်၊ဧပြီ၅-၂၀၂၁
နောင်ရိုး

ဖားကန့်မှော်ဒေသအသီးသီးက သပိတ်စစ်ကြောင်းတွေဟာ ကျေးရွာအုပ်စုအတွင်းရှိ လမ်းတွေပေါ်မှာ ချီတက်ဆန္ဒဖော်ထုတ်နေကြတာ ၅၂ ရက်ရှိပြီဖြစ်ပါတယ်။

လုံးခင်းကျေးရွာအုပ်စုနဲ့ မော်ဝမ်းရပ်ကွက်ပူးပေါင်းထားတဲ့ သပိတ်စစ်ကြောင်းဟာ ဖားကန့်မြို့တွင်းမှာ လူဦးရေတစ်ထောင်နီးပါးနဲ့ လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဖားကန့်မှာ ၅၂ ရက်အတွင်း ဖမ်းဆီးအရေးယူထားသူ ဆယ်ဦးရှိနေပြီး၊ပစ်ခတ်ဖြိုခွဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးခဲ့ပါတယ်။

#voiceofmyanmar #vom #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW