ဆန္ဒပြလို့ ကျဆုံးခဲ့ရတဲ့သူတွေအတွက် ဒုဌဝတီမြစ်သောင်ပြင်နဲ့ ရေပေါ်မှာ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်

မန္တလေး၊ ဧပြီ ၆ – ၂၀၂၁
(Voice Of Myanmar)

ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတွေက ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ဖြစ်စဥ်တွေကြောင့် ကျဆုံးခဲ့ရတဲ့သူတွေအတွက် ပညာ ရေးစစ်ကြောင်းများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီနဲ့ ဗကသများအဖွဲ့ချုပ်တို့ပူးပေါင်းပြီး ဒုဌဝတီမြစ် သောင် ပြင်နဲ့ ရေပြင်ပေါ်မှာ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အောက်မေ့ဖွယ် အခမ်းအနားမှာတော့ သမဂ္ဂအလံနဲ့ သူ ရဲကောင်းတွေကို အလေးပြုခဲ့သလို ခေတ်အဆက် ဆက်က ဒီမိုကရေစီတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့သူတွေကိုလည်းအလေးပြုခဲ့ကြတယ်လို့ အခမ်းအနားမှာ ပါဝင်သူတစ်ဦးကပြောပါတယ်။

အဲ့ဒီအခမ်းအနားမှာ ကမ္ဘာမကြေဘူးသီချင်းသီဆိုခြင်း၊ အမှတ် တရ ကဗျာရွတ်ဖတ်ခြင်းနဲ့ စက္ကူလှေငယ်လေးများပေါ်မှာ ကျဆုံးခဲ့တဲ့သူတွေရဲ့ ဓာတ်ပုံတွေတင်ကာ မြစ်ရေပြင်မှာမျှောကာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

PHOTO- Swan Htet Aung – Thet Soe Htike

#VOM #voiceofmyanmar #Mandalay #ဆန္ဒပြ #အောက်မေ့ဖွယ်အခမ်းအနား #ပညာရေး

Related posts

VOM News

FREE
VIEW