ပင်လည်ဘူး မြို့နယ်ထွေအုပ်ရုံးနဲ့ တရားရုံး မီးလောင်

ဧပြီ ၆ ၊ ၂၀၂၁
KTG (VOM)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးနဲ့ မြို့နယ်တရားရုံး အဆောက်အဦးတွေ မနေ့
ဧပြီ ၅ ရက်ည ၉ နာရီက မီးလောင်ခဲ့တယ်လို့ ပင်လည်ဘူး မြို့ခံတွေကနေ သိရပါတယ်။

” မနေ့က မနက်ပိုင်းမှာ ရဲတွေက ဆန္ဒပြ လူတွေကို ပစ်ခတ်ဖြိုခွဲတယ် ၊ ၁ ယောက်သေ၊ ၄ ယောက် ဒဏ်ရာရတယ် ၊ လူ ၂ ဦး အဖမ်းခံရတယ် ၊ ဒါကို မြို့လူထုက ကျေနပ်မှုမရှိလို့ ညပိုင်းမှာ ညသပိတ်လုပ်တယ် ၊ အဲ့ဒီ ညသပိတ်မှာပဲ ထွေအုပ်ရုံး၊
တရားရုံးနဲ့ စစ်ပြန် လက်ဘက်ရည်ဆိုင် မီးလောင်ခဲ့တာဖြစ်တယ် ” လို့ ပင်လည်ဘူး မြို့ခံ တစ်ယောက်က ပြောပါတယ်။

စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနကို ပင်လည်ဘူး မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ VOM က ဆက်သွယ်မေးမြန်းတဲ့အခါ မီးလာင်တဲ့ ဖြစ်စဥ်တော့ ရှိတယ်လို့ အတည်ပြုပေမယ့် ပျက်စီးဆုံးမှုတန်ဘိုးနဲ့ မီးစတင်လောင်ကျွမ်းရတဲ့ အခြေအနေကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဒါ့အပြင် မနေ့ညက ပင်လည်ဘူးမြို့မရဲစခန်းကို လူတွေဝိုင်းဝန်းခံရတဲ့အတွက် ပစ်ခတ်မှုတွေဖြစ်ပွားပြီး ကိုမင်းကျော် (ခ) ကိုဂျပန် ဆိုသူဟာ ကျည်ဆံထိမှန် ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဧပြီ ၅ ရက်နေ့ ၁ ရက်ထဲမှာ ပင်လည်ဘူးမြို့မှာ လူစု လူဝေးဖြိုခွဲလို့ ကျည်ဆံထိမှန် သေဆုံးသူ ၂ ဦး ဒဏ်ရာရသူ ၄ ဦးနဲ့ ဖမ်းဆီးခံရသူ ၂ ဦးရှိတာဖြစ်ပါတယ်။

#voiceofmyanmar #vom #ပင်လည်ဘူး

Related posts

Leave a Comment

VOM News

FREE
VIEW