ကလေးမြို့မှာ ‌အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက်ပိုင်း အင်အားအများဆုံးဆန္ဒပြ

ကလေး-ဧပြီ-၆-၂၀၂၁
သိမ်မွေ့ကဗျာ

ကလေးမြို့မှာ စစ်တပ်က ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွင်းမှု ဆက်တိုက်ပြုလုပ်ပြီးနောက်ပိုင်း ဒီနေ့ဧပြီလ ၆ ရက်နေ့မှာတော့ အင်အားအများဆုံးနဲ့ ဆန္ဒပြကြပါတယ်။

ကလေးမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့
ဆန္ဒပြမှုတွေကို ဖေဖော်ဝါရီလ ၇ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး တစ်ရက်မှမနားဘဲ ဆက်တိုက်ပြုလုပ်ခဲ့ကြသလို ဒီနေ့ဆိုရင် ဆန္ဒပြမှု ၅၈ ရက်မြောက်အထိရှိပြီဖြစ်ပါတယ်။

လွတ်လပ်စွာ ဆန္ဒပြခွင့်ရစဉ်ကာလက နေ့စဉ် လူပေါင်း သောင်းချီသိန်းချီနဲ့ ဆန္ဒပြခဲ့ကြပေမယ့် အကြမ်းဖက်ဖြိုခွင်းခံရမှုတွေ ဆက်တိုက်ပြုလုပ်ခံရပြီးနောက်မှာတော့ ရပ်ကွက်အလိုက် သပိတ်စစ်ကြောင်းတွေများစွာခွဲပြီး ပြောက်ကျားစနစ်နဲ့ပြုလုပ်ခဲ့ရသလို သပိတ်စစ်ကြောင်းတစ်ကြောင်းမှာ လူအင်အား ၁၀၀ ကနေ ၃၀၀ အထိသာ ပါ၀င်ခဲ့ကြတာပါ။

ဒီကနေ့ပြုလုပ်တဲ့ တာဟန်းသပိတ်စစ်ကြောင်းမှာတော့ အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက်ပိုင်း အင်အားအများဆုံးအဖြစ် လူအင်အား နှစ်ထောင်ခန့်ပါ၀င်ကာ ဆန္ဒပြကြတယ်လို့ သိရပါတယ်။

#voiceofmyanmar #vom #ကလေးမြို့

Related posts

Leave a Comment

VOM News

FREE
VIEW