ဖမ်းဆီးမှုတွေရှိတဲ့ကြားက မြတောင်သပိတ်စစ်ကြောင်း

ဧပြီ ၆ -၂၀၂၁ Photo – ZKK မန္တလေးမြို့မှာ ဖြိုခွဲဖမ်းဆီးတာတွေရှိနေပေမယ့် မြတောင်သပိတ်စစ်ကြောင်းကတော့ ဒီကနေ့မနက်ပိုင်းမ ပုံမှန်အတိုင်း လမ်းလျှောက်ဆန္ဒပြတာကို ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့မနက်အစောပိုင်း မန္တလေး ကျန်းမာရေးမိသာစုသပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီး ဆရာ၀န်အချိန် ဖမ်းဆီးခံရတဲ့ဖြစ်စဥ်လည်း ဖြစ်ပွားခဲ့ပါတယ်။ #voiceofmyanmar #VOM #မန္တလေး

Read More

မန္တလေး ကျန်းမာရေးသပိတ် ဖြိုခွင်းခံရ

ဧပြီ-၆-၂၀၂၁ ဒီကနေ့ ဧပြီ၆ရက် မနက် အစော ၅နာရီခွဲဝန်းကျင်က မန္တလေး ချမ်းအေးသာစံမြို့နယ် ၇၃-၇၄ ကြား ၃၁ လမ်းမှာ သပိတ်စစ်ကြောင်းထွက်မယ့် ဆရာဝန်တွေ ၊ဆေးကျောင်းသားတွေနဲ့ ကျန်းမာရေးမိသားစုသပိတ်ပြင်ဆင်နေချိန် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်လူစုခွဲခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ တယောက်လက်မောင်းကျည်ဆံထိမှန်ပြီး ကလေးအထူးကုဆရာဝန်၂ ယောက်နဲ့ တခြားဆရာဝန် ၂ ယောက် စုစုပေါင်း ၄ ယောက်အဖမ်းခံရတာအပြင် ၊ ဆိုင်ကယ်တွေနဲ့ လက်ကိုင်ဖုန်းတွေ သိမ်းဆည်းခံရတယ်လို့သိရပါတယ်။ ဖမ်းဆီးခံရသူတွေလွတ်မြောက်ဖို့ ဆက်ကြိုးစားနေကြတယ်လို့လည်း ဆန္ဒပြရာမှာပါသူတွေကပြောပါတယ်။ #voiceofmyanmar #vom #ကျန်းမာရေးမိသားစု

Read More
VOM News

FREE
VIEW