ဖားကန့်မှာ ဆန္ဒပြဖို့ ပြင်နေသူ ခုနှစ်ဦး အဖမ်းဆီးခံရ

ဖားကန့်၊ဧပြီလ-၈-၂၀၂၁
နောင်ရိုး

ဖားကန့်မြို့၊အေးမြသာယာသပိတ်စစ်ကြောင်းက အမျိုးသားခုနှစ်ဦးဟာ ဒီနေ့မနက်ပိုင်းက ဖမ်းဆီးခံလိုက်တယ်လို့ သိရပါတယ်။

“မနက် ကိုးနာရီလောက်မှာ စစ်တပ်ရောရဲရော ပေါင်းထားတဲ့အဖွဲ့က ဖမ်းတာ၊ဆန္ဒဖော်ထုတ်ဖို့အတွက် လူစုနေတုန်း အဖမ်းခံရတာပါ”လို့ အေးမြသာယာရပ်ကွက် ဒေသခံတစ်ဦးကပြောပါတယ်။

မနေ့ညကလည်း မော်ဝမ်းရပ်ကွက်မှာ ညသပိတ်မှာ ဖမ်းခံရသူတွေကတော့ အာမခံနဲ့ ပြန်လည် လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်မြို့ အေးမြသာယာသပိတ်စစ်​ကြောင်းဟာ နေ့စဥ်ဆန္ဒဖော်ထုတ်နေတာဖြစ်ပါတယ်။

#voiceofmyanmar #vom #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW