မြစ်ကြီးနားပင်မသပိတ်က အမျိုးသမီး ၂ ဦး အဖမ်းခံရ

ဧပြီ ၉-၂၀၂၁
YAT(VOM)

မြစ်ကြီးနားမြို့၊ ယုဇနရက်ကွက်မှာ ဒီနေ့ ဧပြီ ၉ ရက်နေ့ မနက်က ပင်မသပိတ်စစ်ကြောင်း ဆန္ဒထုတ်ဖော်မှုကနေ အမျိုးသမီး ၂ ဦး အဖမ်းအဆီးခံလိုက်ရပါတယ်။

ဆန္ဒဖော်ထုတ်ပြီး လူစုခွဲကာနီးမှာ မြို့တော်ခန်းမမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးသွားတဲ့အကြောင်းကို ပင်မသပိတ်ပါဝင်သူ လူငယ်က ” လမ်းကြားထဲပြန်ရောက်ပြီးမှ လုံခြုံရေးတွေက မြို့တော်ခန်းမမှာ လူကြီးတွေ အစည်းအဝေးရှိလို့ လုံခြုံရေးယူနေတယ်လို့ သတင်းရလို့ လမ်းမပေါ်နောက်တစ်ခေါက်ပြန်ထွက်တာ အဲ့ဒီလုံခြုံရေးယူထားတဲ့ ရဲတွေကပဲ ကျွန်တော်တို့ကို ပြန်လိုက်ဖမ်းတာ ၂ ယောက်အဖမ်းခံလိုက်ရတာ “လို့ ပြောပါတယ်။

အဖမ်းဆီးခံရသူတွေဟာ အသက် (၂၁နှစ်) အရွယ်ရှိ ဥပဒေနောက်ဆုံးနှစ်ကျောင်းသူမဒွဲနန်နဲ့ အသက် (၂၀) အရွယ်ရှိ ဆယ်တန်းအောင်ထားသူ နန်လိုင်အောင်တို့ဖြစ်ပါတယ်။

အခုအချိန်အထိ အဲ့ဒီ မိန်းကလေး ၂ ဦးကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

#voiceofmyanmar #vom #မြစ်ကြီးနား #ပင်မသပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW