ပဲခူးမှာ ပရဟိတလုပ်နေတဲ့ ဆရာဝန်တစ်ဦး ထပ်ဖမ်းခံရ

ဧပြီ ၁၁-၂၀၂၁
KLY(VOM)
ပဲခူးမှာ ပရဟိလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ ဒေါက်တာနေမျိုးကို ဖမ်းဆီးတရားစွဲဆိုခဲ့ပြီးနောက် ဒီနေ့ ဧပြီ ၁၁ မနက်က မြို့ခံဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာဝေယံမျိုးလွင်ကို ထပ်မံ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
” သူက ဒေါက်တာ နေမျိုးတို့နဲ့အတူ တွဲပြီး သုခ ပရဟိတ ဆေးကုသရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူပါ။ ဒီနေ့မနက်က ဆေးခန်းတစ်ခုမှာ ဘွားအေတော်စပ်သူကို ကြည့်ပြီး အပြန်မှာ ဖမ်းဆီးခံခဲ့ရတာပါ” လို့ မြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
ဒေါက်တာဝေယံမျိုးလွင်ဟာ ကိုဗစ်ကာလကတည်းက အခမဲ့‌​ဆေးကုသရေးလုပ်ငန်းတွေကိုဒေါက်တာနေမျိုးတို့နဲ့အတူ သုခ ကုသိုလ်ဖြစ်ဆေးခန်းမှာ ဆေးရုံပိတ်ထားချိန် ဖျားနာလူနာကအစ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးနေတာမျိုးရှိတဲ့အတွက် ခုလိုဖမ်းဆီးခံရတာဖြစ်နိုင်ကြောင်း ပဲခူးမြို့ခံ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ဒီနေ့ဖမ်းခံရတဲ့ ဒေါက်တာ ဝေယံမျိုးလွင်ကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW