မန္တလေး -မြစ်ကြီးနားလမ်းပေါ်မှာ ကား၄ စီး သေနတ်ပစ်ခံရလို့ ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ဧပြီ ၁၉ -၂၀၂၁
MHS(VOM)

မိုးညှင်းမြို့နယ်၊ နမ္မားတိုက်နယ်အုပ်စု၊ မန္တလေး-မြစ်ကြီးနားလမ်းပေါ်မှာ ဒီကနေ့မနက် ၁၀နာရီခွဲက ကား ၄ စီး သေနတ်နဲ့ပစ်ခတ်ခံရလို့ ယာဉ်မောင်းတစ်ဦးသေဆုံးပြီး ကျန် ၂ ဦး ပြင်းထန်ဒဏ်ရာ ရရှိထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဟာ ခလရ ၄၀နဲ့ ၃၆၇တပ်ရင်းကြား လယ်မှီးကျေးရွာအနီးက တံတားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“တစ်ယောက်ကတော့ ပွဲချင်းပြီးပဲ။ နှစ်ယောက်ကျည်ထိထားတယ်။ အဲ့ဒီအထဲက တစ်ယောက်လည်း အခြေအနေမကောင်းဘူး၊ ဒဏ်ရာရတဲ့ ၂ ဦးကို မိုးညှင်းမြို့က လူမှုကယ်ဆယ်ရေးယာဉ်တစ်စီးနဲ့ မိုးညှင်းပြည်သူဆေးရုံကြီးကို တင်သွားပြီ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသခံတွေရဲ့ ပြောဆိုမှုအရတော့ တံတားမှာ လုံခြုံရေးယူထားတဲ့ စစ်သားတွေက ကားတွေကို စစ်ဆေးပြီး ငွေကြေးကောက်ခံတာကို ကုန်တင်ကားတွေက မောင်းပြေးလို့ ပစ်ခတ်တာလို့လည်း ပြောဆိုနေကြပါတယ်။

ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး VOMကနေ သီးခြားအတည်ပြုချက်တော့ မရရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်း(နှစ်ဆန်းတစ်ရက်နေ့)ကလည်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်း နယ်စပ်ဂိတ် နန့်စီးအောင်ဂိတ်မှာ ၁၂ဘီးယာဉ် ကုန်ကားတစ်စီးကို စစ်သားတွေက ငွေကြေးကောက်ခံတာကို မပေးဘဲ မောင်းပြေးလို့ သေနတ်နဲ့ပစ် တ်ခဲ့တဲ့အတွက် ယာဉ်မောင်းသေဆုံးပြီးတော့ ယာဉ်အကူ ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။

#voicwofmyanmar #VOM #မိုးညှင်း #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW