ခန္တီးနယ်မှာ ကုန်တင်ရေယာဥ်တွေ ဝင်ရောက်မှုမရှိတဲ့အတွက် လူသုံးကုန်ပစ္စည်းနဲ့ စက်သုံးဆီ စျေးမြင့်တက်နေ

ဇူလိုင် ၃၀ ၊၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ခန္တီးမြို့ကို ဇူလိုင် ၁၅ ရက်နောက်ပိုင်း ကုန်တင်ရေယာဥ် ဝင်ရောက်မှု သိသိသာသာ လျော့နည်းသွားပြီး ၂၀ ရက်နောက်ပိုင်း အဝင်လုံးဝမရှိတာကြောင့် လူသုံးကုန်ပစ္စည်းနဲ့ စက်သုံးဆီစျေးနူန်းဟာ တဟုန်ထိုး မြင့်တက်လာတယ်လို့ ခန္တီးဒေသခံတွေဆီက သိရပါတယ် ။
 
” ဓာတ်ဆီ ၁ လီတာကို ၁၅၀၀ ကျပ်ကနေ အခုဆို ၂ ထောင်ဖြစ်သွားတယ် ၊ ကြက်ဥ လက်ကျန်ပစ္စည်း များသေးတာကြောင့် ၂ ရာနဲ့ရသေးတယ် ၊ ခေါက်ဆွဲ ကြာဇံ နဲ့ ပဲမျိုးစုံကတော့ တပိသာကို ၅ ရာနဲ့ ၆ အကြားစျေးမြင့်လာနေတယ် ” လို့ ခန္တီးမြိုခံ တစ်ယောက်က ပြောပါတယ် ။
 
ခန္တီးမြို့ဟာ မြန်မာနိုင်ငံရဲ့ အနောက်မြောက်ဘက် အစွန်း တောင်ပေါ် ကုန်းတွင်းပိတ် မြို့ဖြစ်ပြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းအတွက် ချင်းတွင်းမြစ်ကြောင်းသွား ကုန်တင်ရေယာဥ်တွေကို အဓိက အားထားနေရတဲ့ မြို့ဖြစ်ပါတယ်။
 
” ကုန်မော်တော်တွေ မဝင်တာ လဝက်ရှိသွားပြီ ၊ ဘာကြောင့် မဝင်တာလဲဆိုရင် မော်တော်ပိုင်တွေရဲ့ အသက်အန္တရာယ်နဲ့ အကျိုးစီးပွားကို ခြိမ်းခြောက်ခံရတာတွေရှိတယ် ၊ တချို့ မော်တော်တွေက ကိုဗစ်ကြောင့် နားထားကြတာဖြစ်တယ် ၊ ရေလမ်းကြောင်းက ကုန်ပစ္စည်းဝင်ရောက်တာနှေးသွားပေမယ့် ၊ တပတ်ကို အနဲဆုံး ၂ ကြိမ် လေကြောင်းလိုင်းက ပြေးဆွဲပေးတော့ ဆေးနဲ့ ဆေးပစ္စည်း ဝင်ရောက်မှုက ပုံမှန်အတိုင်းဖြစ်တယ် ၊ စက်သုံးဆီနဲ့ စက်ပစ္စည်းက အဝင်မရှိဘူး ” လို့ ခန္တီးဒေသခံ ကုန်သည်တစ်ယောက်က ပြောပါတယ် ။
 
ဒါ့အပြင် မုံရွာ – ခန္တီး ကုန်စည်ပို့ဆောင်ရေး ရေယာဥ် လုပ်ငန်းရှင် တစ်ယောက်ပြောတာက
” ၁ နှစ်ပတ်လုံးမှာ ရေလမ်းကြောင်းကောင်း
တာဆိုလို့ အခုလို မိုးတွင်းကာလ သုံးလေးလပဲရှိတာ ၊ ကျန်လတွေက ကုန်မော်တော်တွေ တွဲယာဥ်တွေက မုံရွာ – ခန္တီး တာရိုက်
သွားလို့မရဘူး ၊ ကုန်ကိုရှပ်ပြေးတွေနဲ့ ပြန်ကဲ့ပြီးပို့ရတာဖြစ်တယ် ၊ အဲ့ဒါကြောင့် ခန္တီး ကုန်မာဆိုင် လုပ်ငန်းရှင်တွေက ကုန်ပစ္စည်းကို ရေကြောင်းကောင်းတဲ့ အခုလို ရာသီမှာ ကုန်တွေကိုမှာယူပြီး နှစ်ပေါက်စာ လှောင်ကြတာဖြစ်တယ် ၊ ဒီ ရာသီမှာကုန်မှာအားကောင်းပေမယ့် သယ်ယူပို့ဆောင်အားက နှေးကွေးနေရတယ် ၊ ကုန်မော်တော်တွေ မသွားကြတဲ့ အဓိက အကြောင်းက ကိုဗစ်က အဲ့ဒီလောက် ပြဿနာမဟုတ်ဘူး ၊ မော်တော်ပိုင်တွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံရတဲ့အတွက် မော်တော်ပိုင်တွေက ကြောက်ပြီး နားထားကြတာ ” လို့ပြောပါတယ် ။
 
အဲ့ဒါကြောင့် ဇူလိုင် ၁၅ ရက်နောက်ပိုင်းမှာ ခန္တီးဒေသကို ကုန်မော်တော်တွေ အဝင်မရှိသလောက်နည်းသွားပြီး ခန္တီးမြို့မှာလည်း ကုန်ပစ္စည်းဝင်ရောက်မှုနည်းသွားတာဖြစ်ပါတယ်။
 
မုံရွာ – ခန္တီး ကုန်စည်ပို့ဆောင်ရေး ရေယာဥ်လုပ်ငန်းရှင်တွေကတော့ အသက်အန္တရာယ်နဲ့ အကျိုးစီးပွား အတွက် လုံခြုံမှု အာမခံချက် ရှိတာနဲ့ ချက်ခြင်းပြေးဆွဲပေးဖို့ အဆင်သင့်ရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ခန္တီး #ကုန်ဈေးနှုန်းတက်

Related posts

Leave a Comment

VOM News

FREE
VIEW