ပေါက်မြို့နယ် ကျောက္ကာကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး အသတ်ခံရ

ဇူလိုင် ၊ ၃၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ၊ဝန်ခြုံရွာ​မြောက်ဘက် တောင်ကုန်းပေါ်မှာ ဒီကနေ့ ( ဇူလိုင် ၃၁) နေ့လယ် ၁ နာရီ ဝန်းကျင်က ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ယောက်ကို အမည်မသ်ိအဖွဲ့က ဖမ်းဆီးသွားပြီး သတ်ဖြတ်ခံရတယ်လို့ ပေါက်မြိုခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ ကျောက္ကာရွာခံတစ်ယောက်က ” အသတ်ခံရတဲ့ အုပ်ကြီးက ဦးထီမြို့ ဆိုသူဖြစ်တယ် ၊ သူက ပင်တောင်ရွာမှာနေတယ် ၊ ကျောက္ကာကျေးရွာအုပ်စုရဲ့ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်တယ် ၊ ဒီမနက် ၁၀ နာရီလောက်မှာ အုပ်ကြီးကို ရွာထဲဝင်ဖမ်းပြီး ဝန်ခြုံရွာမြောက်ဘက် ၃ မိုင်လောက်ဝေးတဲ့ တောင်ကုန်းပေါ်ကို ခေါ်သွားတာ ” လို့ ပြောပါတယ် ။
 
အဲ့ဒီနောက် ဦးထီမြို့ဆိုသူကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လမ်းကြောင်းအတိုင်း ကိုင်းလယ် ရဲစခန်းက ရဲတွေနဲ့ ဒေသခံရွာသား ၃၀ ဝန်းကျင်လောက်က လိုက်ခဲ့တဲ့အခါ ၂ ဖက် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
 
ပစ်ခတ်မှုတွေဖြစ်တဲ့နေရာမှာ ဦးထီမြို့ကိုသတ်ဖြတ်ထားတဲ့ရုပ်အလောင်းသာ ပြန်ရခဲ့တယ်လို့ သေဆုံးသူ မိသားစု အသိုင်းအဝိုင်းကနေ သိရပါတယ် ။
 
ဒါ့အပြင် ဒီကနေ့ နေ့ခင်းပိုင်းက ဝန်ခြုံရွာမှာ မီးရှို့မှုဖြစ်ခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တွေ့ရှိရပါတယ်။
 
အဲ့ဒါကြောင့် ပခုက္ကူခရိုင် ရဲတပ်ဖွဲ့ရုံးကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျ ရဲအရာရှိ တစ်ယောက်က ” ဝန်ခြုံရွာမှာ မီးလောင်မှုဖြစ်စဥ် ဖြစ်ပွားတာ မရှိဘူး ၊ အဲ့ဒီရွာဘက်ကို လုံခြုံရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့အချိန် အဲ့ဒီဘက်မှာ ခိုအောင်းနေသူတွေက သူတို့ ယာယီအသုံးပြုတဲ့ တဲတွေကို မီးရှို့ထွက်ပြေးသွားတာတော့ရှိတယ် ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ် ။
 
ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး VOMအနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
 
#voiceofmyanamr #VOM #ပေါက်

Related posts

Leave a Comment

VOM News

FREE
VIEW