မြန်မာ့ရွေးကောက်ပွဲရလဒ် ပယ်ဖျက်မှု ဂျပန်နိုင်ငံခြားရေး၀န်ကြီး ဝေဖန်

တိုကျို၊ ဇူလိုင်-၃၁-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင် လအနည်းငယ်အလိုက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းလိုက်တဲ့အပေါ် ဂျပန်နိုင်ငံက ဝေဖန်ပြောဆိုလိုက်ပါတယ်။
 
ဒီလိုလုပ်ဆောင်လိုက်တာဟာ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်ရေး ဂျပန်နိုင်ငံရဲ့ တောင်းဆိုမှုနဲ့ ဆန့်ကျင်နေတာကြောင့် လျော်ကန်တဲ့လုပ်ဆောင်မှုမဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေး၀န်ကြီး တိုရှီမစ်ဆုမိုတီဂီက တိုကျိုမှာ ဇူလိုင် ၃၀ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 
နို၀င်ဘာလအတွင်း မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမဲရလဒ်ရဲ့ သုံးပုံတစ်ပုံနီးပါးဟာ မဲမသမာမှုတွေရှိတယ်ဆိုပြီး ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံခြားရေး၀န်ကြီး မိုတီဂီကတော့ မြန်မာနိုင်ငံမှာနောက်ဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ စောင့်ကြည့်မှုအောက်မှာ လွတ်လပ်မျှတစွာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
 
မြန်မာနိုင်ငံမှာ ရပ်တည်ချက်မတူတဲ့ သက်ဆိုင်ရာနိုင်ငံရေးအဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးမှုပြုလုပ်ဖို့ အရေးကြီးတယ်လို့ရှုမြင်ကြောင်း သူကဆိုပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ နိုင်ငံ့အရေးပေါ်အခြေအနေကြေညာထားပြီး ရွေးကောက်ပွဲထပ်မံကျင်းပမယ်လို့ ကြေညာထားပါတယ်။
 
Ref:Anadolu
Photo: AFP
 
#voiceofmyanmar #vom #ဂျပန်

Related posts

Leave a Comment

VOM News

FREE
VIEW