ရန်ကုန်မြို့မှာ အခြေခံလူတန်းစားတွေအတွက် စားသောက်ကုန်(၄)မျိုးကို ငွေတစ်ရာနဲ့ ရောင်းချပေးမယ်

ရန်ကုန်၊ဇူလိုင် ၃၁-၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်းရှိ စားဝတ်နေရေးအခက်အခဲရှိသောမြို့နယ်(၆)မြို့နယ်မှာ စားဝတ်နေရေးအခက်ခဲဖြစ်နေသူတွေအတွက် လူတစ်ဦးကို ဆန်၊ဆီ၊ကြက်ဥ၊ကြက်သွန်အစရှိတဲ့ ကုန်ပစွည်း(၄)မျိုးကို တစ်ရာကျပ်နဲ့သြဂုတ်လ ၁ရက်နေ့က စတင်ပြီး လှူဒါန်းသွားမယ်လို့ Mazely Flannelအဖွဲ့ကနေ သိရပါတယ်။
 
လှူဒါန်းမယ်မြို့နယ်တွေဟာ လှိုင်၊ရွှေပြည်သာ၊လှိုင်သာယာ၊တောင်ဒဂုံ၊သာကေတမြို့နယ်တို့ဖြစ်ပြီး စားသောက်ကုန်တွေကတော့ ဆန်တစ်ပြည်၊ဆီငါးဆယ်သား၊ကြက်ဥဆယ်လုံး၊ကြက်သွန်နီငါးဆယ်သားပါဝင်ကာ ကျသင့်ငွေမှာ တစ်ရာကျပ်သာဖြစ်ကြောင်း Mazely Flannelအဖွဲ့တာဝန်ခံက VOMကိုပြောပါတယ်။
 
“ရောင်းတာထက်စာရင် လှူတယ်လို့ပြောရမှာပေါ့၊ မနက်ဖြန် လှိုင်မြို့နယ်မှာ စလှူမယ်၊ နောက်ရက်တွေက အခြားမြို့နယ်တွေကို လှူသွားမှာပါ”လို့ သူကရှင်းပြပါတယ်။
 
စားဝတ်နေရေးအခက်အခဲရှိသူတွေအတွက် စားသောက်ကုန်လှူဒါန်ပေးမှုကို Mobile Serviceဆရာများနှင့်အတူ Myanmar Mobile Service Association (MMSA) အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များ၊ ​​စေတနာအလှူရှင်များနဲ့Mazely Flannel မှလည်း လိုအပ်သည်များကို ကူညီပံ့ပိုးပေးထားတယ်လို့သိရပါတယ်။
 
ရောင်းချမယ့်အစီအစဥ်ကို လှိုင်မြို့နယ် Mazely Flannel ဘူတာရုံလမ်းမှတ်တိုင်အနီးမှာ မနက်ဖြန် ဩဂုတ်(၁)ရက်နေ့မှစတင်ကာ လူသုံးရာစာအတွက် မနက်၈နာရီကနေ ညနေ ၄နာရီအထိရောင်းချပေးသွားမယ်လို့ ပြောပါတယ်။
 
ဇူလိုင်လအစောပိုင်းကနေ မနေ့ကထိ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာ ကြက်ဥ ၁ လုံး ကို ၅ ကျပ်၊ ၁၀လုံး ကို ကျပ် ၅၀ ဈေးနှုန်းနဲ့ Flannel Box ဆိုင်က ရောင်းချပြီးနောက် ကုန်ပစွည်းလေးမျိုးကိုတစ်ရာကျပ်နဲ့ ပြည်သူတွေကို ရောင်းချပေးခဲ့တာလည်းရှိပါတယ်။
 
အလားတူ တာမွေမြို့နယ် တာမွေဗလီနဲ့ အာသောကလမ်းကြား Orange Super Market အနီး ပြည်သူအချင်းချင်း ကူညီတဲ့အနေနဲ့ ဆန်တစ်ပြည်ကို ၁၀၀ ကျပ်နဲ့ ရောင်းချပေးခဲ့တာလည်းရှိပါတယ်။
 
ပုံစာ- တာမွေမြို့နယ် orange super market အနီးဆန်တစ်ပြည် တစ်ရာကျပ်ဖြင့် ရောင်းချမှုမြင်ကွင်း
#voiceofmyanamr #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW