ကမ္ဘောဒီးယားမှာ ကိုဗစ်ကာကွယ်ဖို့ ကာကွယ်ဆေးနှစ်မျိုးစပ် အသုံးပြုနေ

ဖနွမ်းပင်၊ သြဂုတ်-၁-၂၀၂၁
မျိုးဆက် (VOM)

ကမ္ဘောဒီးယားနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုတွေကိုတိုက်ဖျက်ဖို့ အားထုတ်မှုတစ်ရပ်အနေနဲ့ AstraZeneca ကာကွယ်ဆေးနဲ့ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးတွေကို ပေါင်းစပ်ထိုးနှံမှုတွေ ပြုလုပ်နေပါတယ်။

တရုတ်နိုင်ငံထုတ် Sinopharm သို့မဟုတ် Sinovac ကာကွယ်ဆေးထိုးနှံပြီးသူတွေအနေနဲ့ ဆေးစွမ်းထက်ဖို့နဲ့ ကိုယ်ခံအားကောင်းမွန်ဖို့ AstraZeneca ကာကွယ်ဆေးထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်ကပြောပါတယ်။

AstraZeneca ကာကွယ်ဆေးထိုးပြီးသူ ကမ္ဘောဒီးယားပြည်သူတွေအနေနဲ့က တရုတ်နိုင်ငံထုတ် Sinopharm သို့မဟုတ် Sinovac ကာကွယ်ဆေးကို ထိုးသင့်တယ်လို့ သူကဆိုပါတယ်။

ကမ္ဘောဒီးယားအနေဖြင့် COVAX အစီအစဉ်မှတစ်ဆင့် AstraZeneca ကာကွယ်ဆေးများကို ပိုမိုဝယ်ယူသွားမည်ဖြစ်ပြီး အမေရိကန်ကမကြာသေးမီက ထောက်ပံ့ပေးထားတဲ့ Johnson & Johnson ကာကွယ်ဆေးတွေကို နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေကို ထိုးနှံပေးသွားမယ်လို့ သူကဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကို ကာကွယ်နိုင်ဖို့အတွက် ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ ပြည်နယ်ရှစ်ခုကို ယခုသီတင်းပတ်အတွင်းမှာ လော့ခ်ဒေါင်းချခဲ့ပါတယ်။

Ref: CNA
Photo: Reuters
#voiceofmyanmar #VOM #ကမ္ဘောဒီးယား

Related posts

Leave a Comment

VOM News

FREE
VIEW