မုဒုံမြို့နယ် နှီးပဒေါစံပြကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊သြဂုတ် ၁-၂၀၂၁
KK
 
မုဒုံမြို့နယ်မှာ မနေ့ဇူလိုင် ၃၁ရက် ညနေပိုင်းက နှီးပဒေါစံပြကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန် ဆိုသူကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေကနေ သိရပါတယ်။
 
ဦးမန်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကနေ နေအိမ်ကို
ပြန်လာချိန် လမ်းခုလတ်မှာ အမည်မသိဆိုင်ကယ်စီးလာသူနှစ်ဦးက သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ နှီးပဒေါကျေးရွာနေသူတစ်ဦးကပြောပါတယ်။
 
“သေနတ်နဲ့ ၄ ချက်ပစ်တာ ချက်ချင်းမသေဘူး၊ ဆေးရုံရောက်မှသေတာ၊ ရွာကို စစ်တပ်ရောရဲရော ချက်ချင်းရောက်လာတယ်”လို့ နှီးပဒေါကျေးရွာနေသူတစ်ဦးကပြောပါတယ်။
 
သေနတ်ဒဏ်ရာရရှိနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမန်ကို ကျေးရွာကနေ သံဖြူဇရပ်ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့်လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
 
မွန်ပြည်နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရတာဟာ ၅ကြိမ်ရှိနေပြီး ဇွန်လ ၂၂ရက်က နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်း၊ဇွန်လ ၂၈ရက်က ရေးမြို့နယ်၊ နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး စောစိုးဝင်းမြင့်၊ဇူလိုင် ၂၃ရက်က ဒူးရင်းဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်း၊ဇူလိုင်၂၄ရက်က မြေနီကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေတို့ အသတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
 
#voiceofmyanamr #VOM #မုဒုံ

Related posts

Leave a Comment

VOM News

FREE
VIEW