မြိုင်မြို့နယ်က ဗဟင်းမှာ လုံခြုံရေးအဖွဲ့နဲ့ ဒေသခံ PDF အဖွဲ့တို့ ထိတွေ့မှုတွေဖြစ်

သြဂုတ် ၊ ၂ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ပခုက္ကူခရိူင် မြိင်မြို့နယ် ဗဟင်းနယ်မြေ ရဲစခန်းကို သြဂုတ် ၁ ရက် မနေ့ ညဦးပိုင်းက ဒေသခံ PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခဲ့တယ်လို့ ဗဟင်းရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဗဟင်းဒေသခံ တစ်ယောက်က ” မနေ့ ညဦးပိုင်း ၆ နာရီ ဝန်းကျင်မှာ ရဲစခန်းကို PDF အဖွဲ့က တိုက်တယ် ၊ ရဲစခန်းက ဘက်ကလဲ ပြန်တိုက်ဖို့ အသင့်ဖြစ်နေတော့ အော်တိုမစ်တစ် သေနတ်တွေနဲ့ ခံပစ် ပစ်တယ် ၊ လက်နက်အင်အားချင်းက မမျှဘူး ၊ PDF ဘက်က အဖွဲ့ ခေါင်ဆောင် ၁ ယောက်ကျတယ် ” လို့ ပြောပါတယ် ။
 
အဲဒီထိတွေ့မှုမှာ ကျဆုံးသူဟာ မြိုင် PDF ခေါင်းဆောင် ကိုအောင်ကျော်ဌေး (ခ) ကိုဖိုးဌေး ဆိုသူဖြစ်တယ်လို့ မိတ်ဆွေဖြစ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
ဗဟင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရတယ်ဆိုတာနဲ့ပတ်သက်လို့ VOM က ပခုက္ကူခရိုင်ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က ” ထိတွေ့မှုဖြစ်တယ်ဆိုတာ အတည်ပြုလို့ရတယ် ၊ ရန်သူ့ဘက်က အလောင်း ၁ လောင်းနဲ့ လက်နက် ၁ လက်ရထားတယ် ၊ တို့ဘက်ကတော့ ထိခိုက် ကျဆုံးတာ မရှိဘူး ” လို့ ဖြေကြားပြောဆိုပါတယ် ။
 
အဲ့ဒီ ထိတွေ့မှုဖြစ်စဥ်ကနေ ရရှိထားတဲ့ အမျိုးသား ရုပ်အလောင်း ၁ လောင်းဟာ ဗဟင်း တိုက်နယ်ဆေးရုံမှာ စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ဗဟင်း
 
ပုံစာ ၊ဗဟင်းတိုက်ပွဲမှာ ကျဆုံးသူရဲ့ မှတ်တမ်း ဓာတ်ပုံ
 
ဓာတ်ပုံ ၊ ဗဟင်းဒေသခံ တစ်ဦး

Related posts

Leave a Comment

VOM News

FREE
VIEW