မန္တလေးမြို့က လမ်းအချို့ကို ဝါးလုံးတားပြီးပိတ်ထား

မန္တလေး၊ သြဂုတ် ၃ -၂၀၂၁
Voice Of Myanmar
 
မန္တလေးမြို့ရှိ နေရာအချို့က လမ်းတွေကို ဝါးလုံးတားတာနဲ့ ကြိုးတားပြီး ပိတ်ထားတာတွေကို ဒီကနေ့ မနက်ပိုင်းကစတင်ကာ တွေ့ရှိလာတယ်လို့ မန္တလေးမြို့ခံတွေကနေ သိရပါတယ်။
 
” အရင်က ပစ္စည်းပို့ရင် အဲ့ဒီလောက်လမ်းအများကြီးကို မရှောင်ရဘူး ပိတ်မထားတာကိုပြောတာ၊ ဒီနေ့မှ ဘာတွေဘယ်လိုဖြစ်ပြီး ပိတ်လိုက်တယ်ဆိုတာတော့ မသိဘူး၊ စစ်ဆေးရေး(နယ်ကျော်ကဒ်)စစ်တာတွေလည်း နေရာတိုင်းလိုလိုတွေ့ရတယ် “လို့ မန္တလေးမြို့မှာ ပစ္စည်းပို့ဆောင်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
 
ကိုဗစ်ရောဂါဖြစ်ပွားနေချိန် အိမ်အပြင်ကိုထွက်ပါက ဈေးဝယ်ခွင့်ကဒ်နဲ့ နယ်ကျော်ကဒ်ယူဆောင်သွားရမယ်လို့ ဒေသန္တရဥပဒေထုတ်ထားပြီး နယ်ကျော်ကဒ်စစ်ဆေးချိန် ကဒ်မပါခဲ့ရင် ဒဏ်ငွေ ၅၀၀၀ ကျပ်ပေးဆောင်ရမယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ကြေညာခဲ့တာလည်း ရှိပါတယ်။
 
အခုလို လမ်းပိတ်ထားတာတွေနဲ့ပတ်သက်ပြီး ရပ်ကျေးအုပ်ချုပ်ရေးအသိုင်းအဝိုင်းကို ဆက်သွယ်ကြည့်ရာမှာတော့ ” ဝင်/ထွက် ကဒ်စစ်ဖို့ ယာယီသဘောမျိုး ပိတ်ထားတာပါ၊ ကဒ်စစ်တဲ့ နေရာတွေကို ရှောင်မောင်းကြလို့ ခုလို့လုပ်တယ်လို့လည်း သိရပါတယ်၊ သီးခြားညွန်ကြားထားတာတော့ မရှိပါဘူး”လို့ ပြောပါတယ်။
 
ဒီကနေ့မနက်ပိုင်းအစောပိုင်းကလည်း အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်း ရတနာပုံတံတားနှာပေါက်ဝမှာ စစ်ကားတွေပိတ်ရပ်ပြီး လမ်းလွဲကနေ သွားခိုင်းခဲ့တယ်လို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပြထားတာကိုလည်း တွေ့ရပါတယ်။
 
#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW