ရွှေလီအစိုးရက ပြည်ပအလုပ်သမားတွေကို ပေါက်ဖော်ကဒ်ထုတ်ပေးပြီး အလုပ်ခန့်ဖို့ စီစဉ်

သြဂုတ် ၊ ၆ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မြန်မာနဲ့ အနီးစပ်ဆုံးဖြစ်တဲ့ တရုတ် ရွှေလီ အစိုးရဟာ ပြည်ပ အလုပ်သမားတွေကို ပေါက်ဖော်ကဒ် ထုတ်ပေးပြီး သတ်မှတ်ထားတဲ့ စောင့်ရှောက်ရေး အခြေခံ မူ ၅ ရပ်နဲ့အညီ စက်မှုဇုံက စက်ရုံတွေမှာ အလုပ်ခန့်ထားပေးမှာဖြစ်တယ်လို့ အလုပ်ခန့်ထားရေး ပေါ်လစီဆိုင်ရာ ချမှတ်ရေး ရွှေလီ အစိုးရက မနေ့ သြဂုတ် ၅ ရက်က ထုတ်ပြန်ခဲ့ပါတယ် ။
 
အဲ့ဒီ အကြောင်းစုံနဲ့ ပတ်သက်ပြီး ရွှေလီမြို့က ပြည်ပ အလုပ်သမားရေး ကိစ္စတွေကို ကူညီ ဆောင်ရွက်ပေးနေတဲ့ ဦးစိုင်းငြိမ်းကျော် ပြောပြတာက
 
” ရွှေလီဘက်က ပြည်ပ ရွေ့ပြောင်း အလုပ်သမားတွေကို အလုပ်လက်မဲ့ မဖြစ်စေဖို့ တရားဝင် အလုပ်သမား ခန့်ပြီး တရုတ် စက်မှုဇုံတွေမှာ သွားရောက် အလုပ် လုပ်ရမှာဖြစ်ပါတယ်၊ အဲ့ဒီလို လုပ်နိုင်ဖို့အခွင့်အရေးကို လူသားအရင်းအမြစ် ဝန်ဆောင်မှုဌာနနဲ့ ဦးစားပေး စည်းရုံး လုပ်ဆောင်သွားမယ့် အစီအစဥ်ဖြစ်ပါတယ် ၊ ပြည်ပ အလုပ်သမားတွေ သွားလာနေထိုင်ရေး ကိစ္စ အဆင်ပြေဖို့အတွက် ပေါက်ဖော်ကဒ်တွေကို အလုပ်သမားတွေက တရားဝင် လျှောက်ထားယူရမှာ” လို့ဖြစ်ပါတယ်။
 
အဲ့ဒီ ပေါက်ဖော်ကဒ် လျှောက်ထားတဲ့အခါ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလအတွင်း သက်တမ်းကုန်ဆုံးသွားတဲ့ ပြည်ပ အလုပ်သမားတွေကို သက်တမ်းတိုး ရရှိဖို့ အတွက် အခြားလမ်းကြောင်းနဲ့ ဆောင်ရွက်ပေးမှာဖြစ်ပြီး ၊ သတ်မှတ်ချက်နဲ့ ပြည့်မီတဲ့ အလုပ်သမားတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပေါက်ဖော်ကဒ် လျှောက်ထားပေးသွားမှာဖြစ်ပါတယ် ၊ အဲ့ဒီလို လျှောက်ထားတဲ့အခါ ကန့်သတ်ချိန် ရုံးတက်ရက် ၁၅ ရက်အထက် မကျော်လွန်ရဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် တရုတ်စက်မှုဇုံ စက်ရုံတွေမှာ တရားဝင် အလုပ်ခန့်ထားခြင်းခံရတဲ့ အလုပ်သမားတွေကို ကူညီစောင့်ရှောက်ရေး မူ ၅ ရပ်ဖြစ်တဲ့ လုပ်ငန်းအဖွဲ့တွေရဲ့ ဝန်ထုပ်ဝန်ပိုးများအား စနစ်တကျ ဖြေလျော့ရန်၊ လူမှုဖူလုံရေး အာမခံရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ အောင်မြင်စွာ တိုက်ဖျက်နိုင်ရန် ရွှေလီမြို့အစိုးရသည် အိမ်ငှားခ လျှော့ချရေး၊ လုပ်ငန်းအဖွဲ့၏ ဝန်ထုပ်ဝန်ပိုးများ ဖြေလျော့ရေး၊ ဘဏ္ဍာရေး ထောက်ပံ့မှု မြှင့်တင်ရေး၊ ဦးစားပေးအကောက်ခွန်လျှော့ချရေး၊ ပြည်သူတို့၏အသက်မွေးဝမ်းကျောင်း အကူအညီဝန်ဆောင်မှု မြှင့်တင်ရေး စတဲ့
ကဏ္ဍ ၅ ခုမှ သက်ဆိုင်ရာပေါ်လစီနဲ့ ဆောင်ရွက်ချက်တွေကို ရွှေလီအစိုးရက ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
တရုတ်နိုင်ငံမှာ ရွှေလီမြို့မှာ ရွေ့ပြောင်း လုပ်ကိုင်နေကြတဲ့ ပြည်ပ အလုပ်သမားအများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်တယ်ဖြစ်ပါတယ်။
 
#voiceofmyanmar #vom #ရွှေလီ #တရုတ်မြန်မာ
 
ပုံစာ၊ ရွှေလီရောက် ပြည်ပလုပ်သားများရဲ့ လုပ်ငန်းခွင်မြင်ရပုံ
 
ဓာတ်ပုံ ၊ ရွှေလီ လူသားအရင်းအမြစ် ဝန်ဆောင်မှု ဌာန

Related posts

Leave a Comment

VOM News

FREE
VIEW