မူဆယ် သစ်သီဝလံ ကုန်စည်ဒိုင်က ဖရဲသခွားစိုက် ဒေသခံတွေကို ကိုဗစ် ကျန်းမာရေးသုံး ပစ္စည်းတွေ ပေးလှူဖို့ စီစဥ်နေ

သြဂုတ် ၊ ၉၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ရှမ်းပြည်မြောက်ပိုင်း ၊ မူဆယ်မြို့ ၊ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်နဲ တရုတ်နိုင်ငံ ဝမ်တိန်ချန်ဟော့ ကုမ္မဏီတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲက ဖရဲသခွားစိုက်ပျိုးရာဒေသတွေကို ကိုဗစ်ရောဂါ ကျန်းမာရေးသုံးပစ္စည်းတွေ ပေးအပ်လှူဒါန်းသွားဖို့ စီစဥ်နေတယ်လို့ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် အမှုဆောင် ဦးစိုင်းခင်မောင် က ” ပြည်တွင်းက ဖရဲ သခွား အဓိကထား စိုက်ပျိုးတဲ့ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရှမ်းမြောက်ပိုင်း ဒေသတွေက ကျန်းမာရေး ကိစ္စ အရေးပေါ်လိုအပ်တဲ့ နေရာတွေကို ပထမ ဦးစားပေး အနေနဲ့ ပေးလှူသွားမှာဖြစ်တယ် “လို့ ပြောပါတယ်။
 
ဒါ့အပြင် VOM က စုံးစမ်းသိရှိရတဲ့ သတင်းအချက်တွေအရ မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် ၊ ကျောက်ဆည်ခရိုင် နဲ့ မြင်းခြံ ခရိုင်ထဲက ဖရဲသခွား တောင်သူတွေရှိတဲ့ ကျေးရွာတွေနဲ့ စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ ရွှေဘို ခရိုင် နဲ့ မုံရွာခရိုင်ထဲက ဖရဲသခွားစိုက် တောင်သူတွေရှိတဲ့ ကျေးရွာတွေမှာ သြဂုတ် လဆန်းပိုင်းကစလို့ ကိုဗစ်ရောဂါ ကူးစက်မှု မြင့်တက်လာခဲ့ပြီး ကျန်းမာရေးသုံး ထောက်ကူပြု ပစ္စည်းတွေ လုံလောက်မှုမရှိတဲ့အတွက် လိုအပ်နေတယ်လို့ သိရပါတယ်။
 
ပြည်တွင်း ဖရဲသခွားစိုက် ဒေသတွေရဲ့ အရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ အောက်စီဂျင် အိုးတွေနဲ့ ကျန်းမာရေး သုံးပစ္စည်းတွေကို
ပေးပို့လှူဒါန်းဖို့အတွက် မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်နဲ့ တရုတ်နိုင်ငံ ဝမ်တိန်ချန်ဟော့ ကုမ္မဏီတို့က စီစဥ်နေတာဖြစ်ပါတယ်။
 
#voiceofmyanmar #vom #မူဆယ
 
ပုံစာ ၊ ဖရဲသခွားစိုက် တောင်သူတွေကို ပေးလှူမယ့် ပစ္စည်းတွေ မြင်ရပုံ
 
ဓာတ်ပုံ မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်

Related posts

Leave a Comment

VOM News

FREE
VIEW