ဒလမြို့နယ်မှာ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်လို့ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ရန်ကုန်၊သြဂုတ် ၉-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ ဒလမြို့နယ်၊ မြို့နယ်ခန်းမရှေ့မှာ မနေ့ ဩဂုတ်လ ၈ရက်နေ့ နေ့လယ်၂နာရီခွဲက အစောင့်ကျနေတဲ့ စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်လို့ စစ်သားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေဆီကနေ သိရပါတယ်။
 
“ဘာကြောင့်ပစ်လဲတော့မသိဘူး သတင်းကိုဖုံးထားတာ၊ နှစ်ပွင့်နဲ့တစ်ယောက်သေတယ် တစ်ယောက်က ခုတင်၅၀၀ကို ပို့ထားတယ်၊ အဲ့တစ်ယောက်အခြေအနေတော့ မသိသေးဘူး”လို့ မြို့နယ်ခန်းမအနီးမှာ နေထိုင်သူတစ်ဦးက VOMကို ပြောပါတယ်။
 
လက်တလောမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ စစ်သားကို ဒလမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
 
မနေ့ကလည်း ပုဇွန်တောင်မြို့နယ်၊ ၅ရပ်ကွက်၊ ပုဇွန်တောင်စျေးအနီး၊ ဆားလင်းဘုန်းကြီးကျောင်းရှေ့အနီးမှာ ဗုံးပေါက်ကွဲခဲ့ရာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW