မြန်မာနဲ့ မန္တလေးဘီယာ ဖက်စပ်ထုတ်တဲ့ ဂျပန်ကုမ္ပဏီ ခြောက်လအတွင်း ဒေါ်လာ ၁၉၃ သန်း အရှုံးပေါ်

တိုကျို၊ သြဂုတ်-၁၁-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာ့စီးပွားရေးဦးပိုင်နဲ့အတူ ပူးပေါင်းပြီး ဘီယာထုတ်လုပ်မှုဟာ ဇွန်လအထိ ခြောက်လတာကာလအတွင်း အတွင်း ဒေါ်လာ ၁၉၃ သန်းအရှုံးပေါ်ခဲ့တယ်လို့ ဖက်စပ်ကုမ္ပဏီဖြစ်တဲ့ ဂျပန်အခြေစိုက် Kirin Holdings က သြဂုတ် ၁၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
 
ဒီဆုံးရှုံးမှုဟာ စံချိန်တင်ခဲ့ပြီး လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အခြေအနေတွေ မရေရာမသေချာဆက်လက်ဖြစ်ပေါ်နေတဲ့ အလားအလာကို ပြန်လည်သုံးသပ်နေပြီး ဖေဖော်ဝါရီလအတွင်းမှာဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် မြန်မာ့နိုင်ငံအခြေအနေဟာ ဘေးအန္တရာယ်မြင့်တက်နေတယ်လို့ဆိုပါတယ်။
 
Kirin Holdingsဟာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့အတူ မြန်မာနဲ့မန္တလေးဘီယာတို့ကို ပူးပေါင်းထုတ်လုပ်နေပြီး ရှယ်ယာ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။
 
နိုင်ငံရေးအပြောင်း အလဲဖြစ်ပွားပြီးနောက် မြန်မာပြည်သူတွေဟာ အဲ့ဒီဘီယာကုမ္ပဏီတွေကို သပိတ်မှောက်တာမျိုးလုပ်ခဲ့သလို စားသောက်ဆိုင် အများအပြားကလည်း အဲ့ဒီဘီယာတွေရောင်းချတာတွေကို ရပ်ဆိုင်းခဲ့ကြပါတယ်။
 
လတ်တလောမှာတော့ မြန်မာနိုင်ငံကထွက်ခွာဖို့ မစဉ်းစားထားသေးကြောင်း၊ မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ဖက်စပ်လုပ်ငန်းရပ်ဆိုင်းဖို့ဆွေးနွေးနေဆဲဖြစ်ပြီး လက်ရှိကိုဗစ်-၁၉ အခြေအနေတွေကြောင့် ရှေ့ဆက်ဖို့ခက်ခဲနေတယ်လို့ Kirin Holdings ရဲ့အကြီးတန်းအမှုဆောင်အရာရှိ Toru Yoshimura ကအွန်လိုင်းကနေ သြဂုတ် ၁၀ ရက်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
 
Kirin Holdings ရဲ့မြန်မာနိုင်ငံစျေးကွက်ဟာ သေးငယ်ပေမယ့် ၂၀၂၀ ခုနှစ်ဒီဇင်ဘာလမှအပြီးသတ်တဲ့ ဘဏ္ဍာရေးနှစ်အတွင်း ယန်း ၁၃ ဒသမ ၈ ဘီလီယံရရှိခဲ့ပြီး ကုမ္ပဏီစုစုပေါင်း၀င်ငွေရဲ့ ၉ ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။
 
Ref: Nikkei Asia
Photo: Reuters
#voiceofmyanmar #vom #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW