တောင်ဒဂုံ ၅၄ရပ်ကွက်က ရာအိမ်မှူးလင်မယားကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်

ရန်ကုန်၊သြဂုတ် ၁၂-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၅၄ရပ်ကွက်၊ ပုဂံလမ်း အိမ်အမှတ် ၁၇၇မှာနေထိုင်တဲ့ ရာအိမ်မှူးလင်မယား
ကို မနေ့ ဩဂုတ်လ ၁၁ရက် မနက်ပိုင်းက အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခဲ့လို့ ဆေးရုံတင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။
 
ပုဂံလမ်းတွင် နေထိုင်သူတစ်ဦးက “ပြီးခဲ့တဲ့ ဇွန်လ ၁၈ရက်နေ့ ည၉နာရီဝန်းကျင်က ၅၄ရပ်ကွက် ဇေယျာမြိုင်လမ်းက ယာယီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲတဲ့ကိစွနဲ့ပတ်သက်ပြီး သတင်းပေးခဲ့လို့ ဒလန်နှိမ်နင်းရေးအဖွဲ့သတ်တာလို့ ထင်ကြေးပေးကြတာရှိတယ်၊ သေနတ်နဲ့ပစ်ခံရသူက ကိုလှမျိုးအောင်တို့မိသားစုဖြစ်တယ်၊ ဖခင်ဖြစ်သူဖွင့်ထားတဲ့ ဦးကျားကြီးလ္ဘက်ရည်ဆိုင်ထိုင်မှာ နေထိုင်ကြတယ်”လို့ ပုဂံလမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
 
န.စ.ကကောင်စီလက်ထက်မှာ ကိုလှမျိုးအောင်က ရာအိမ်မှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီးနောက်ပိုင်း ရပ်ကွက်အတွင်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရမှုကြောင့် မုန်းတီသူများပြားနေတယ်လို့ ရပ်ကွက်နေသူတွေပြောပြချက်အရ သိရပါတယ်။
 
အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက ကိုလှမျိုးအောင်ကို သေနတ်နဲ့သုံးချက်ပစ်ခဲ့ပြီး မိန်းမဖြစ်သူကို နှစ်ချက်ပစ်ခဲ့လို့ သဃ်န်းကျွန်းစံပြဆေးရုံကြီးပို့ဆောင်ထားရတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
 
သေနတ်ပစ်ခတ်မှုများဖြစ်ခဲ့ပြီးနောက်ပိုင်း စစ်တပ်နဲ့ရဲတွေက ၅၄ ရပ်ကွက်၊ ၅၇ ရပ်ကွက် ၊ ၅၃ ရပ်ကွက်တွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို့ ၅၇
ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
 
တောင်ဒဂုံမြို့နယ်မှာ အမည်မသိအဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုတွေကို ဇူလိုင်လကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ မြို့နယ်ရပ်မိရပ်ဖတွေကပြောပါတယ်။
 
ဇူလိုင် ၅ရက်နေ့ကလည်း ၅၇ရပ်ကွက်မှာနေထိုင်တဲ့ NL
Dရပ်ကျေးအလုပ်အမှုဆောင်ဦးခင်ကျော်ကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ပြီး ဇူလိုင် ၁၅ရက်မှာ တောင်ဒဂုံ၊ ၅၃ရပ်ကွက် သုခမြိုင်လမ်းမှာ အမျိုးသားရေးလှုပ်ရှားသူဦးတင်ထွန်းကို အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်လို့ သေဆုံးခဲ့တာလည်း ဖြစ်ပွားခဲ့ပါတယ်။
 
အလားတူပင်ဇူလိုင်လ ၂၈ရက်မှာလည်း ၂၄ရပ်ကွက် ရာအိမ်မှူး ကိုစောဦး သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရရှိပြီးဆေးရုံတင်ခဲ့ရသလို သြဂုတ် ၅ရက်က ၅၃ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သေနတ်နဲ့ဝိုင်းပစ်လို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပွားခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW