ပုလောမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်နဲ့ သတင်းပေးလို့ နာမည်ထွက်နေသူရဲ့ နေအိမ် ဗုံးပေါက်

ရန်ကုန်၊သြဂုတ် ၁၃-၂၀၂၁
KK(VOM)
 
ပုလောမြို့နယ် ၊ နန်းတောင်ကျေးရွာမှာ မနေ့ဩဂုတ်လ ၁၂ရက်နေ့ ည ၁၀ နာရီကျော်က နန်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနေအိမ်နဲ့ သတင်းပေးလို့ နာမည်ထွက်နေသူ ဦးတင်ဦးနေအိမ်တို့ ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
 
“ဗုံးပေါက်ကွဲတာက အသံနှစ်ခါကြားရတာ အုပ်ချုပ်ရေးမှူးအိမ်နဲ့ ရွာတံတားထိပ်က ဒလန်အိမ် လူတွေတော့ မထိခိုက်ဘူး၊ အိမ်ပဲပျက်စီးသွားတာ”လို့ ကျေးရွာနေသူတစ်ဦးကပြောပါတယ်။
 
ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်
တွေဟာ ရွာထဲကိုရောက်ရှိလာပြီး စစ်ဆေးမှုတွေ
ပြုလုပ်ကာ ပုလောမြို့နယ်အတွင်းလှည့်လည်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
ပုလောမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေးလို့ နာမည်ထွက်နေသူတွေကြောင့် ဖမ်းဆီးခံရသူတွေ ရှိလာပြီးနောက်ပိုင်း အမည်မသိအဖွဲ့က အခုလိုလုပ်ဆောင်လာတာဖြစ်တယ်လို့ ရပ်မိရပ်ဖတစ်ဦးကမှတ်ချက်ပြု ပြောပါတယ်။
 
ပုလောမြို့နယ်မှာ ဇွန် ၂၄ရက်က အမှတ် ၃ရပ်ကွက်အုပ်ချုပ်ရေးမှူး သမီးရဲ့နေအိမ်မှာ ဗုံးပေါက်ခဲ့ပြီး ဇူလိုင် ၅ရက်မှာ လက်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးသက်နိူင်နေအိမ်မှာ ဗုံးပေါက်ကွဲခဲ့ပါသေးတယ်။
 
အလားတူ သြဂုတ်လ ၆ရက်မှာ ပိန္ဒဲတောင်ကျေးရွာက သတင်းပေးလို့ နာမည်ထွက်သူ ဦးသန်းလှဆိုသူက်ိုလည်း အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပြီး သြဂုတ်၁၀ရက်မှာ ပဝတ်ကုန်းကျေးရွာမှာ ဗုံးပေါက်တာတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ပုလော

Related posts

Leave a Comment

VOM News

FREE
VIEW