ဖမ်းဆီးခံသွားရတဲ့ ဝေဘာဂီရပ်ကွက်က လူငယ်(၁၆)ယောက် ပြန်လွတ်လာ

ရန်ကုန်၊သြဂုတ် ၁၆-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်၊ သဇင်နီလမ်းမှာ မနေ့ညပိုင်းက ဖမ်းဆီးခံသွားရတဲ့ လူငယ် ၁၆ ယောက်ကို ဒီကနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်ပြီလို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
ဖမ်းဆီးခံရသူတွေဟာ ဝေဘာဂီမြို့သစ်ရပ်ကွက်၊ သဇင်နီလမ်းမှာနေထိုင်နေပြီး မနေ့ညက ပရဟိတလူမှုရေးလုပ်ငန်းတွေလုပ်ဆောင်ပြီး ပြန်လာချိန်မှာ ဖုန်းဆက်တိုင်ကြားမှုတစ်ခုကြောင့် လာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ နှင်းဆီနီလမ်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
 
“လူငယ်တွေချည်းပဲ ၁၆ယောက်ဆိုတော့ ဒလန်က စစ်တပ်ကို သတင်းလှမ်းပေးမှာပေါ့၊ ဒါကြောင့်စစ်တပ်က ချက်ချင်းရောက်လာတာ ဗုံးပေါက်ထားတာလည်းရှိတယ်လေ၊ အခုတော့ ၁၆ယောက်လုံးပြန်လွှတ်ပါပြီ”ဟု ရှင်းပြပါတယ်။
 
ပြန်လည်လွှတ်မြောက်လာသူ လူငယ်တွေဟာ မနေ့က မှော်ဘီမြို့နယ်ရှိ ပန်းတစ်ပွင့်တောင် မိဘမဲ့ကလေးတွေကို သွားရောက်လှူဒါန်းပြီး ပြန်လာချိန်မှာ ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။
 
အလားတူ သြဂုတ် ၁၄ရက် ည၁၂နာရီကျော်က (င)ရပ်ကွက်၊ နွယ်နီ ၈လမ်းမှာ လူငယ်တစ်ဦးကို ဖမ်းဆီးသွာပြီး မနက်ပိုင်းမှာ ပြန်လွတ်ခဲ့ပါသေးတယ်။
 
မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် ခေမာသီ
လမ်းပေါ်ရှိ ထွေအုပ်ရုံးအနီးမှာ သြဂုတ် ၁၄ရက်က ဗုံးပေါက်ပြီးနောက်၂ရပ်ကွက်နဲ့ ငရပ်ကွက်က လူငယ်ငါးဦးကိုဖမ်းဆီးခဲ့ပြီး အခုချိန်ထိ ပြန်မလွှတ်ပေးသေးလို့ မိသားစုဝင်တွေက စိတ်ပူနေကြပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW