တောင်သာနယ် မီးပေါက်ရွာက အုပ်ချုပ်ရေးမှူးသားအဖ ၂ ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

သြဂုတ် ၊ ၁၈ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း၊ တောင်သာမြို့နယ် ၊ မီးပေါက်ကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူး သားအဖ ၂ ယောက်ဟာ မနေ့ သြဂုတ် ၁၇ နေ့လယ်ပိုင်းက လယ်ထွန်သွားရာက ယာခင်းတောထဲမှာ သေနတ်နဲ့ပစ်ခံရတဲ့အတွက် သားအဖ ၂ ယောက်စလုံး သေဆုံးသွားတယ်လို့ ဒေသခံခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” အခင်းတောကို ယာထွန်ဖို့ မနက်ပိုင်းမှာ အိမ်ကထွက်သွားတယ် ၊ နေ့ခင်းပိုင်းမှာ တောသွားတဲ့သူတွေက ဖုန်းဆက်ပြောတယ် ၊ ဦးအောင်မြင့်တို့ သားအဖ ၂ ယောက်စလုံး အခင်းတောမှာ အသတ်ခံထားရတယ်ဆိုမှ ရွာကသိရတာ ” လို့ မီးပေါက်ရွာခံ တစ်ယောက်က ပြောပါတယ်။
 
သေနတ်ကျည်ဆံ ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဟာ အုပ်ချုပ်ရေးမှူးတာဝန်ယူတာ လပိုင်းပဲရှိသေးပြီး သူ့ရဲ့သားကတော့ ဖခင်ကို စိတ်မချရတဲ့အတွက် ယာခင်းတောကို လိုက်သွားခဲ့တာဖြစ်တယ်လို့ အဲ့ဒီရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #တောင်သာ

Related posts

Leave a Comment

VOM News

FREE
VIEW