မူဆယ်ခရိုင်အတွက် တရုတ်ပြည်ပရေးရာဌာနက Covid-19ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ပေးပို့

ဩဂုတ် ၁၉၊ ၂၀၂၁
Shy V (VOM)
 
မူဆယ်ခရိုင် ဆေးရုံအတွက် တရုတ်ပြည်ပရေးရာဌာနမှ Covid-19 ဓာတ်ခွဲခန်းသုံးပစ္စည်း‌ လူအယောက် ၅၀၀၀ စာကို မနေ့ ဩဂုတ်လ ၁၈ ရက်နေ့ ညနေပိုင်းက မူဆယ်မြို့ရှိ နှစ်နိုင်ငံ အဝင်/အထွက်နန်းတော်ဂိတ်ကနေ လှူဒါန်းပေးပို့ခဲ့တယ်လို့ သိရပါတယ်။
 
မူဆယ်ခရိုင်ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက “ဓါတ်ခွဲခန်းမှာသုံးမယ့်ပစ္စည်း​တွေ အဲ့ဒီမှာ Swab ယူပြီးလို့ရှိရင် ဓါတ်ခွဲခန်းထဲမှာ သုံးရမယ့် ​ဆေးရည်​တွေ ဒီ tube ​တွေ​ပေါ့​နော် အဲ့ဒါ​တွေလှူတာ။ လူ ၅ ​ထောင်စာ လှူ​ပေးတာ။ PCR စက်ကြီးနဲ့ သုံးဖို့အတွက်။ တန်ဖိုး​တော့ ဘယ်​လောက်လဲ​တော့ မသိဘူး။ လူ ၅ ​ထောင်စာ။ ၁ စုံကို သိသ​လောက်ကတော့ တရုတ်​ငွေ ၁၀၀ ​ကျော်တယ်။” လို့ ပြောပါတယ်။
 
မူဆယ်ခရိုင်ဆေးရုံမှာ သြဂုတ်လ ၁၈ ရက်​နေ့က စတင်ပြီး COVID-19 စစ်ဆေးတဲ့ PCR စက်ကြီးနဲ့ ဓါတ်ခွဲခန်းအတွက် သင်တန်းသားအသစ်တွေနဲ့ ပြန်လည် လည်ပတ်‌နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။
 
“PCR စက်က​တော့ သြဂုတ်လ ၁၈ ရက်​နေ့က စပြီး​တော့ Test လုပ်တာ ​ပေါ့ နော်။ ဒီ​နေ့ ဩဂုတ်လ ၁၉ ရက်မှာလည်း PCR စက်ကြီးထဲကို Sample ​တွေ ထည့် ပြီး​တော့ စ Run ပြီ။” လို့ မူဆယ်ခရိုင်ဆေးရုံနဲ့နီးစပ်သူတစ်ဦးက ရှင်းပြပါတယ်။
 
PCRစက် စတင်လည်ပတ်နိုင်ဖို့ တရုတ်နိုင်ငံဘက်က နည်းပညာရှင်တွေလာပြီး နည်းပြလုပ်ပေးတာဖြစ်တယ်လို့ သိရကာ လက်ရှိ ဆေးရုံမှာတော့ ကျန်းမာရေး ဝန်ထမ်းတွေ၊ သင်တန်းသားအသစ်​တွေနဲ့ ပြန်လည်ပတ်နေတာဖြစ်တယ် လို့ ပြောပါတယ်။
 
မူဆယ်ခရိုင် ဆေးရုံသစ်ကြီးမှ PCR စက်ကြီးနဲ့ ဓာတ်ခွဲခန်း အကောင်းဆုံးလည်ပတ်နိုင်မှ ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်မှာ COVID-19 စစ်ဆေးကုသဖို့အတွက် ကုတင် ၁၀၀၀ ယာယီဆေးရုံကို တည်ဆောက်နိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ စတင်တည်ဆောက်ဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
 
Photo – MMM
#voiceofmyanmar #VOM #မူဆယ

Related posts

Leave a Comment

VOM News

FREE
VIEW