ရေစကြိုမြို့နယ် ထွေ/အုပ်ရုံးအတွင်း ဗုံးပေါက်

ဩဂုတ် ၁၉-၂၀၂၁
KK(VOM)
 
ရေစကြိုမြို့နယ် စုပေါင်းရုံးအတွင်းမှာရှိတဲ့ မြို့န
ယ်ထွေ/အုပ်ရုံးနားမှာ ဒိကနေ့မနက် ၁၀နာရီက ဗုံးနှစ်လုံးဆင့်ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
“ဗုံးက မိနစ်ပိုင်းပဲခြားတယ် ပေါက်တာ၊ ထိခိုက်မှုတော့ရှိမယ်ထင်တယ်၊ ဗုံးပေါက်တယ်ဆို စစ်တပ်နဲ့ရဲက ရောက်နေတော့ သိဖို့မလွယ်ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
လက်တလောမှာတော့ စစ်တပ်နဲ့ရဲတွေဟာ ထွေ/အုပ်ရုံးအနီးရှိ လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်နေကြတယ်လို ဒေသခံတွေဆီက သိရပါတယ်။
 
ပြီးခဲ့တဲ့ သြဂုတ် ၁၆ရက် ညနေ ၃နာရီကလည်း အမှတ် ၇ရက်ကွက်ရှိ ရေစကြိုမြို့မရဲစခန်းအတွင်းမှာ ဗုံးပေါက်ခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
 
ရေစကြိုမှာ ဌာနဆိုင်ရာရုံးတွေ ဗုံးပေါက်ကွဲခဲ့တာ အခုနဲ့ဆို ​(၄)ကြိမ်ရှိပြီဖြစ်ပါတယ်။
 
သတင်းအချက်အလက်တွေအရ ဇူလိုင်လ ၂၃ရက်ညနေပိုင်းက မြို့နယ်စည်ပင်ရုံးဗုံးပေါက်ကွဲခဲ့ပြီး အ
လားတူ သြဂုတ်လ ၈ရက်ကလည်း ရေစကြိုမြို့နယ်
EPCရုံးမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။
 
#voiceofmyanmar #VOM #ရေစကြို

Related posts

Leave a Comment

VOM News

FREE
VIEW