တတိယမြောက် ထပ်တိုးကာကွယ်ဆေးထိုးမယ့် ချမ်းသာတဲ့နိုင်ငံတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရှုတ်ချ

ဂျီနီဗာ၊ သြဂုတ်-၁၉-၂၀၂၁
မျိုးဆက် (VOM)
 
ကမ္ဘာတစ်၀န်းရှိ လူသန်းပေါင်းများစွာဟာ ပထမအကြိမ်ကာကွယ်ဆေးတစ်လုံးသာ ထိုးနှံပြီးစီးချိန်မှာ တတိယမြောက် ထပ်တိုးကာကွယ်ဆေးထိုးနှံဖို့ ချမ်းသာကြွယ်၀တဲ့နိုင်ငံတွေက အလျင်စလို လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၈ ရက်မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
 
ဒီလို တတိယမြောက်ထပ်တိုးကာကွယ်ဆေးထိုးနှံဖို့လိုအပ်တယ်ဆိုတာ သိပ္ပံနည်းကျ အထောက် အထားတွေ မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေက အခိုင်အမာဆိုပါတယ်။
 
တတိယမြောက် ထပ်တိုးကာကွယ်ဆေးထိုး နှံသင့်သူတွေအတွက် အဆိုပါအစီအစဉ်ကို မကြာမီလုပ်ဆောင်မယ်လို့ အမေရိကန် တာ၀န်ရှိသူတွေက ကြေညာခြင်းမပြုမီ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အခုလိုဝေဖန်ပြောဆိုလိုက်တာဖြစ်ပါတယ်။
 
ကမ္ဘာပေါ်ရှိလူသန်းပေါင်းများစွာဟာ ကာကွယ်ဆေးထိုးနှံခွင့်ရဖို့ စောင့်ဆိုင်းနေစဉ်မှာ ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေးတွေထပ်မံထိုးနှံဖို့ လုပ်ဆောင်နေတာဟာ ကိုယ်ကျင့်တရား ပျက်ယွင်းမှုသာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကဆိုပါတယ်။
 
ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအကြား ကာကွယ်ဆေးဖြန့်ဖြူးမှုအညီအမျှဖြစ်စေရေး အထောက်အကူဖြစ်စေဖို့အတွက် တတိယမြောက်ကာကွယ်ဆေးတွေ ထပ်မံထိုးနှံခြင်းကို ရပ်ဆိုင်းဖို့ယခုလအစောပိုင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းခဲ့ပါတယ်။
 
ဒါပေမယ့်လည်း ဒယ်လ်တာသန္ဓေပြောင်းဗိုင်းရပ်စ်ကို တားဆီးဖို့ရုန်းကန်နေကြရတာကြောင့် တတိယမြောက် ထပ်တိုး ကာကွယ်ဆေးတွေထပ်မံထိုးနှံရေးအစီအစဉ်ကို နိုင်ငံများစွာက ရပ်တန့်ခြင်းမရှိပါဘူး။
 
Ref : CNA
Photo: AFP
#voiceofmyanmar #vom #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW