နစကခန့် သံတမန်နှစ်ဦးကို ဗီဇာပေးဖို့ ဂျပန်အစိုးရ ငြင်းဆို

တိုကျို၊ သြဂုတ်-၂၂-၂၀၂၁
မျိုးဆက် (VOM)
 
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလက နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ပြီးနောက် CDM လုပ်ခဲ့တဲ့ဂျပန်နိုင်ငံရှိ မြန်မာသံရုံးက မြန်မာသံတမန်နှစ်ဦးနေရာမှာ အစားထိုးဖို့မယ့် နစကရဲ့ သံတမန်နှစ်ဦးကို ဂျပန်အစိုးရက ဗီဇာပေးဖို့ ငြင်းဆန်ထားတယ်လို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေကပြောပါတယ်။
 
ဒီလိုအစားထိုးခန့်အပ်လိုက်တာကို ဂျပန်အစိုးရအနေနဲ့ခွင့်ပြုလိုက်မယ်ဆိုရင် မြန်မာနိုင်ငံရေးအပြောင်းအလဲကို ဂျပန်အစိုးရက တရား၀င်အသိအမှတ်ပြုသလိုဖြစ်သွားမယ်လို့ဆိုပါတယ်။
 
မြန်မာစစ်ဘက်ကတော့ သူတို့အစာထိုးခန့်အပ်လိုက်တဲ့ သံတမန်နှစ်ဦးကို ဗီဇာပေးဖို့ ဂျပန်အစိုးရကို တောင်ဆိုထားပြီး ဂျပန်အစိုးရတော့ ဒီကိစ္စအပေါ်စဉ်းစားနေဆဲဖြစ်ကာ လက်ရှိအချိန်ထိတော့ ဗီဇာထုတ်ပေးဖို့ လုပ်ထုံးလုပ်နည်းတွေ မစတင်ရသေးဘူးလို့ သတင်းရင်းမြစ်တွေကပြောပါတယ်။
 
တစ်ချိန်တည်းမှာဘဲ နစကကထုတ်ပယ်လိုက်တယ်လို့ ကြေညာထားတဲ့ ဂျပန်ရှိမြန်မာသံရုံးက သံတမန်နှစ်ဦးကို မြန်မာသံတမန်တွေအဖြစ် ဆက်လက်အသိအမှတ်ပြုထားဆဲဖြစ်ပါတယ်။
 
မတ်လ ၁၅ ရက် ရက်စွဲတပ်ထားတဲ့ စာရွက်စာတမ်းတစ်ခုမှာတော့ CDM လုပ်ခဲ့တဲ့ မြန်မာသံတမန်နှစ်ဦးရဲ့ သံတမန်ရာထူးနဲ့ ပတ်စ်ပို့တွေကို ပယ်ဖျက်လိုက်ကြောင်း မြန်မာဘက်က ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာနကို အကြောင်းကြားခဲ့ပါတယ်။
 
အဲဒီမြန်မာသံတမန်နှစ်ဦးထဲက တစ်ဦးရဲ့ သံတမန်ဆိုင်ရာအသိအမှတ်ပြုလွှာဟာ ဇူလိုင်လမှကုန်ဆုံးသွားပေမယ့်လည်း သူတို့နှစ်ဦးစလုံးကို နိုင်ငံအတွင်းနေထိုင်ခွင့်ကို ဂျပန်အစိုးရကခွင့်ပြုပေးထားပါတယ်။ သူတို့နှစ်ဦးကို သံတမန်တွေအဖြစ် ဆက်လက်အလုပ်လုပ်ကိုင်နိုင်စေဖို့ စီစဉ်မှုတွေလုပ်ပေးထားတယ်လို့ ဂျပန်အစိုးရ သတင်းရင်းမြစ်တွေကပြောပါတယ်။
 
Ref :Mainichi
Photo: Kyodo
 
#voiceofmyanmar #vom #ဂျပန် #ဗီဇာငြင်း

Related posts

Leave a Comment

VOM News

FREE
VIEW