ရှမ်းပြည်နယ်တောင်ပိုင်းက မီးရထားဝန်ထမ်း ၂ ဦးကို လမ်းဘေးမှာ သေဆုံးလျက်တွေ့

သြဂုတ် ၊ ၂၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းရထားလမ်းပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးရထားဝန်ထမ်း ၂ ဦးရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို မနေ့ သြဂုတ် ၂၃ နေ့လယ်ပိုင်းက တွေ့ခဲ့ရတဲ့အတွက် အောင်ပန်းရဲဌာနကို အကြောင်းကြားထားတယ်လို့ ကုန်းလွင်ရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
 
ကုန်းလွင် ရွာခံတစ်ယောက်က “ရထားလမ်းဘေးက ရွာရဲ့ ပြောင်းစိုက်ခင်းထဲမှာ လူသေ ရုပ်အလောင်း ၂ လောင်းတွေ့ရတယ်ကြားလို့ သွားကြည့်တဲ့သူတွေကပြောတယ်၊ လုပ်ကြံခံရလို့ သေနေတဲ့ လူ ၂ ယောက်က ရထားဝန်ထမ်းတွေဖြစ်နေတာ ” လို့ ပြောပါတယ် ။
 
သေဆုံးသူ ၂ ဦး နဲ့ ပတ်သက်လို့ ” ကိုဝေမင်းထွန်း အသက် ၃၀ နှစ်နဲ့ ကိုဝေယံစိုး အသက် ၃၃ နှစ်ဖြစ်ကြတယ် ၊ သူတို့က CDM ကိစ္စမှာ ပါဝင်ခြင်းမရှိဘဲ တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်ကြတယ် ” လို့ အမည်မဖော်လို့တဲ့ ရထားဝန်ထမ်းတစ်ဦးကပြောပါတယ်။
 
သေဆုံသူ ၂ ယောက်ရဲ့ ကိုယ်ခန္ဓာမှာ ဒဏ်ရာတွေနဲ့ သေဆုံးတာဖြစ်တယ်လို့ မှတ်ချက်ပြုထားပြီး ဘာကြောင့် သတ်ခံရတယ် ၊ ဘယ်သူတွေက သတ်တယ်ဆိုတာကိုတော့ ရထားဝန်ထမ်းတွေက ပြောဆိုတာ မရှိခဲ့ပါဘူး။
 
အဲ့ဒီ ရထားဝန်ထမ်း ၂ ဦး သေဆုံးနေတာနဲ့ ပတ်သက်လို့ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ရုံးကို သတင်းအတည်ပြုချက် ရရှိနိုင်ဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
#voiceofmyanmar #VOM #အောင်ပန်း

Related posts

Leave a Comment

VOM News

FREE
VIEW