အမေရိကန်တပ်ဖွဲ့၀င်တွေရုပ်သိမ်းရေး အချိန်ထပ်တိုးရင် ဆိုးကျိုးရင်ဆိုင်ရမယ်လို့ တာလီဘန်အဖွဲ့သတိပေး

ကဘူး၊ သြဂုတ်-၂၄-၂၀၂၁
မျိုးဆက် (VOM)
 
အာဖဂန်မှ အမေရိကန်တပ်ဖွဲ့၀င်တွေ ရုပ်သိမ်းမယ့် နေ့ရက်ကို သက်တမ်းထပ်မတိုးဖို့ အမေရိကန်ကို တာလီဘန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သြဂုတ် ၂၄ ရက်မှာ သတိပေးလိုက်ပါတယ်။
 
တာလီဘန်အဖွဲ့နဲ့ သဘောတူညီချက်အရ အမေရိကန်တပ်ဖွဲ့၀င်တွေကို သြဂုတ် ၃၀ နောက်ဆုံးထားပြီး နိုင်ငံအတွင်းကနေ ထွက်ခွာရမှာဖြစ်ပါတယ်။
 
ဒါပေမယ့် သြဂုတ် ၂၄ ရက်မှာပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အမေရိကန်တပ်ဖွဲ့၀င်များ ရုပ်သိမ်းမည့်နောက်ဆုံးနေ့ရက်ကို တိုးမြှင့်ရေးကို ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီတို့ကလိုလားနေကြပါတယ်။
 
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ တပ်ဖွဲ့၀င်တွေရုပ်သိမ်းရေးအတွက် အချိန်ထပ်တိုးခြင်းပြု၊မပြုနဲ့ပတ်သက်ပြီး ၂၄ နာရီအတွင်းဆုံးဖြတ်သွားမှာဖြစ်တယ်လို့ အမေရိကန်တာ၀န်ရှိသူတစ်ဦးက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
 
ဒါပေမယ့် သဘောတူညီချက်ကိုချိုးဖောက်ပြီး အမေရိကန်တပ်ဖွဲ့၀င်တွေ ဆက်ရှိနေဦးမယ်ဆိုရင် ဆိုးကျိုးတွေနဲ့ ရင်ဆိုင်ရမယ်လို့ တာလီဘန်အဖွဲ့က သတိပေးထားပါတယ်။
 
လက်ရှိမှာတော့ အာဖဂန်မြို့တော် ကဘူးလေဆိပ်မှ လူထောင်ပေါင်းများစွာကို ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။
 
ဒါပေမယ့်လည်း နိုင်ငံအတွင်းမှထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူအများအပြားကတော့ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့၀င်တွေဖြန့်ကြက်ချထားတဲ့ လေဆိပ်နဲ့ အနီး၀န်းကျင်မှာ ပိတ်မိနေဆဲဖြစ်ပါတယ်။
 
Ref : BBC
Photo: Reuters
#voiceofmyanmar #vom #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW