ကဘူးလေဆိပ် အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်ရှိနေတယ်လို့ သတိပေးချက်ထုတ်ပြန်

ကဘူး၊ သြဂုတ်-၂၆-၂၀၂၁
မျိုးဆက် (VOM)
 
အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလေဆိပ်မှာ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်မြင့်မားနေတယ်လို့ နိုင်ငံအများအပြားက ထုတ်ပြန်ထားပြီး သူတို့ရဲ့နိုင်ငံသားတွေကို လေဆိပ်ကိုမသွားကြဖို့ သြဂုတ် ၂၅ မှာ သတိပေးလိုက်ပါတယ်။
 
သြစတြေးလျ၊ အမေရိကန်နဲ့ ဗြိတိန်တို့က သူတို့ရဲ့နိုင်ငံသားတွေကို အခုလိုက် သတိပေးချက်ထုတ်ပြန်လိုက်တာဖြစ်ပြီး လေဆိပ်ပြင်ပမှာ ရောက်ရှိနေသူတွေအနေနဲ့ အဲဒီနေရာကနေ ချက်ချင်းထွက်ခွာကြဖို့ တိုက်တွန်းထားပါတယ်။
 
လွန်ခဲ့တဲ့ ၁၀ ရက်က အာဖဂန်ကို တာလီဘန်တို့ထိန်းချုပ်ပြီးနောက် ကဘူးမှ လူပေါင်း ၈၂၀၀၀ ကျော်ကို လေယာဉ်တွေနဲ့ ကယ်ထုတ်ခဲ့ကြပါတယ်။
 
နိုင်ငံအများအပြားကတော့ အာဖဂန်မှသူတို့ရဲ့နိုင်ငံသားတွေကို သြဂုတ် ၃၁ ရက်နောက်ဆုံးထားပြီး ကယ်ထုတ်ဖို့ အားထုတ်လုပ်ဆောင်နေကြပါတယ်။
 
ထောင်ပေါင်းများစွာသောလူတွေဟာ အာဖဂန်နိုင်ငံမှထွက်ခွာနိုင်ဖို့ မျှော်လင့်ချက်နဲ့ လေဆိပ်ထဲနဲ့ အပြင်မှာ စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။
 
အာဖဂန်မှအမေရိကန်တပ်ဖွဲ့၀င်တွေ ရုပ်သိမ်းမယ့် အချိန်ကိုသက်တမ်းတိုးတဲ့ကိစ္စကို တာလီဘန်တို့က လက်မခံပေမယ့်လည်း သြဂုတ် ၃၁ ရက်ကျော်လွန်ချိန်ထိ နိုင်ငံခြားသားနဲ့အာဖဂန်တွေကို နိုင်ငံတွင်းမှ ထွက်ခွာခွင့်ပြုထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ပြောပါတယ်။
 
Ref : BBC
Photo: Reuters
#voiceofmyanmar #vom #ကဘူး

Related posts

Leave a Comment

VOM News

FREE
VIEW