ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် သီရိလင်္ကာမှာ စီးပွားရေး အရေးပေါ်အခြေအနေ ကြေညာ

ကိုလံဘို၊ စက်တင်ဘာ-၁-၂၀၂၁
မျိုးဆက် (VOM)
 
သီရိလင်္ကာနိုင်ငံမှာ ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် စားနပ်ရိက္ခာစျေးနှုန်းတွေ မြင့်တက်လာပြီးနောက် စီးပွားရေးအရေးပေါ်အခြေအနေကို သြဂုတ် ၃၁ ရက်မှာ ကြေညာလိုက်ပါတယ်။
 
ဆန်နဲ့ သကြားအပါအ၀င် အခြေခံစားနပ်ရိက္ခာတွေထောက်ပံ့မှုတွေကို ထိန်းချုပ်သွားမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ စျေးနှုန်းတွေသတ်မှတ်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
 
သီရိလင်္ကာငွေကြေး ရူပီးဟာ ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာနဲ့နှိုင်းယှဉ်ရင် ငွေကြေးတန်ဖိုး ၇ ဒသမ ၅ ရာခိုင်နှုန်းထိ ကျဆင်းနေပါတယ်။
 
အခုကြေညာလိုက်တဲ့ စီးပွားရေးဆိုင်ရာ အရေးပေါ်အစီအမံတွေဟာ သြဂုတ် ၃၁ ရက်မှာ စတင်သက်ရောက်ပါတယ်။
 
ကုန်သည်တွေနဲ့ လက်လီရောင်းချသူတွေက ထိန်းချုပ်ထားတဲ့ ကုန်ပစ္စည်းတွေကို သိမ်းယူနိုင်တဲ့ အခွင့်အာဏာနဲ့အတူ မရှိမဖြစ်လိုအပ်တဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေအတွက် ကော်မရှင်နာမင်းကြီးအဖြစ် စစ်ဘက်ဗိုလ်ချုပ်ဟောင်းတစ်ဦးကို သီရိလင်္ကာအစိုးရက ခန့်အပ်လိုက်ပါတယ်။
 
သီရိလင်္ကာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်လာတာကြောင့် စက်တင်ဘာ ၆ ရက်တိုင်အောင် ၁၆ ရက်ကြာ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။
 
Ref : BBC
Photo: Chamindu
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW