မြင်းခြံနယ် ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဌနေအိမ် ပစ်ခတ်မှုတွေဖြစ်လို့ လူ ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၁ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ချောင်းဒေါင်းကျေးရွာမှာနေတဲ့ ဧရာဝတီသွေးလှူရှင် အသင်း ဥက္ကဌ နေအိမ်မှာ မနေ့ သြဂုတ် ၃၁ ည ၁၀ နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အဲ့ဒီ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
အဲ့ဒီ ပစ်ခတ်တာတွေနဲ့ ပတ်သက်လို့ ဒေသခံ တစ်ယောက် ပြောတာက
 
” ဧရာဝတီ သွေးလှုရှင် အသင်း ဥက္ကဌ ဦးကိုနီရဲ့အိမ်ကို ဆိုင်ကယ် ၄ စီးနဲ့ လူတွေဝင်လာပြီး သေနတ်ပစ်ခတ်သံတွေကြားရတယ် ၊ ဦးကိုနီရဲ့သားနဲ့ သူ့ညီဖြစ်သူ ၂ ယောက် မှန်တယ် ၊ အဲ့ဒီ ၂ ယောက်စလုံး ဆေးရုံပို့လိုက်ပြီ ” လို့ ဖြစ်ပါတယ် ။
 
ဒါ့အပြင် ဧရာဝတီသွေးလှုရှင် အသင်းသား စေတနာ့ဝန်းထမ်း တစ်ယောက်က ” အသင်း ဥက္ကဌရဲ့သားဖြစ်သူ မောင်မင်းထက်ကိုကတော့ ၉ နာရီ ၂၀ မှာ ကျည်ဆံထိမှန် ဒဏ်ရာနဲ့ မြင်းခြံဆေးရုံမှာ အသက်ကုန်သွားတယ် ၊ အသင်း ဥက္ကဌရဲ့ ညီဖြစ်သူ ကိုလူအေး ကိုယ်တော့ မြင်းခြံဆေးရုံကနေ ရီဖား လုပ်ပြီး မန္တလေး ဆေးရုံကြီးကို ပို့ဆောင်လိုက်တယ် ၊ သူ့ရဲ့ အခြေအနေကတော့ ဘာမှ မသိရသေးဘူး ” လို့ ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့ နေအိမ်ပိုင်ရှင် ဧရာဝတီသွေးလှူရှင် အသင်း ဥက္ကဌ ဦးနီဟာ ရွာရေး ရပ်ရေး တက်ကြွစွာ လုပ်ကိုင်တတ်သူ တစ််ဦးဖြစ်ပြီး ပရဟိတ လုပ်ငန်းတွေကို အဓိကထား လုပ်နေတဲ့သူဖြစ်တာကြောင့် အခုပစ်ခတ်မှုဟာ ဘယ်သူ့လက်ချက်ဆိုတာ အသေအချာ မပြောနိုင်ပေမယ့် ပျူစောထီးအဖွဲ့ လို့ ဒေသတွင်းသတင်းတွေမှာရေးသား ပြောဆိုတာတွေ့ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး VOM က သီးခြားအတည်ပြုချက် ရယူနိုင်တာမရှိသေးပါဘူး။
 
မြင်းခြံခရိုင်ရဲတပ်ဖွဲ့ရုံးနဲ့ မြို့နယ်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်ခဲ့ပေမယ့် အခုချိန်အထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။
 
ဒါ့အပြင် အဲ့ဒီ ချောင်းဒေါင်းကျေးရွာက နာမည်ကြီး ကျူရှင်ဆရာ ဦးမိုးဟိန်းနဲ့ ဇနီးတို့ဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းက အခုလို သေနတ်နဲ့ ပစ်ခံရတဲ့အတွက် သေဆုံးခဲ့ရသလို NLD ထောက်ခံတဲ့ ထမင်းဆိုင်ပိုင်ရှင် ဇနီးမောင်နှံလည်း အသတ်ခံခဲ့ရပါတယ်။
 
မြင်းခြံနယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း လုပ်ကြံသတ်ဖြတ်မှု အကြိမ်ရေ ၁ ဒါဇင်နီးပါးရှိခဲ့ပြီး သေဆုံးသူ အရေအတွက်ဟာလည်း ၁၅ ယောက်ထက်မနည်းရှိကာ သေဆုံးသူတွေက ကျည်ဆံဖောက်ဝင် ဒဏ်ရာ၊ ပြတ်ရှ ထိုးသွင်း ဒဏ်ရာတွေအပြင် ဦးခေါင်ပြတ် ဒဏ်ရာတွေလည် ပါဝင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #vom #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW