လှိုင်သာယာမှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်မှုကြောင့် စစ်တပ်အရာရှိတစ်ဦးနဲ့ ရဲ ၂ ဦး ဒဏ်ရာရပြီး ရာအိမ်မှူးတစ်ဦးသေဆုံး

စက်တင်ဘာ ၂-၂၀၂၁
CKC(VOM)
 
ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာ ဒီကနေ့ မနက်ပိုင်းက အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီဖြစ်စဉ်နေရာကို စစ်ဆေးမှုတွေလုပ်ဆောင်နေချိန် ဗုံး၂လုံးပေါက်ခဲ့တာကြောင့် စစ်တပ်က အရာရှိတစ်ဦးနဲ့ ရဲ(၂)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့လို့ တပ်မတော်စစ်ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ ကူညီရေးလုပ်ကိုင်ပေးတဲ့ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
 
“၈ နာရီလောက်မှာ သေနတ်ဒဏ်ရာနဲ့လူတစ်ယောက် လဲနေတယ်လို့သတင်းရတဲ့အတွက် ပုညပါရမီအသင်းကနေ ဆေးခန်းပို့ဆောင်ဖို့ရာ သွားတဲ့အချိန်မှာ လူတစ်ယောက်သေဆုံးနေတာတွေ့ရတယ်။ ဦးခေါင်းပွင့်တဲ့ဒဏ်ရာရယ်၊ ပြီးတော့ လက်ပြင်ကျောမှာ အနောက်ကနေပစ်မိတဲ့ဒဏ်ရာရယ် ဒဏ်ရာ၂ချက်တွေ့ရတယ်။ဒါနဲ့ တာဝန်ရှိသူကို အကြောင်းကြားတော့ သူတို့နယ်မြေစစ်ဆေးရေးလုပ်တဲ့အချိန်မှာ ဗုံး၂လုံးထပေါက်ပြီး စစ်တပ်က အရာရှိတစ်ဥိးဒဏ်ရာရရှိပြီး ရဲနှစ်ဦး အပြင်းအထန်ရလို့ အခုကားနဲ့ တပ်မတော်စစ်ဆေးရုံကိုပို့နေတယ်။ ” လို့ ပုညပါရမီ လူမှူကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောပြပါတယ်။
 
သေနတ်ပစ်ခံရပြီး သေဆုံးသူကတော့ လှိုင်သာယာမြို့နယ်၊ အမှတ် ၂၁ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရာအိမ်မှူးလို့သိရပြီး လက်ရှိမှာလည်း လှိုင်သာယာမှာ ဗုံးတစ်လုံးထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #လှိုင်သာယာ

Related posts

Leave a Comment

VOM News

FREE
VIEW