မကွေးတိုင်းက မြို့နယ်၂၅ ခုမှာ ၃ လအတွင်း လူသတ်မှု ၅ ဒါဇင်နီးပါးရှိပြီး သေဆုံးသူ ရာဂဏန်းနီးပါးရှိ

စက်တင်ဘာ ၊ ၃ -၂၀၂၁
ရွှေဘုန်းမြတ်စံ(VOM)
 
မကွေးတိုင်းမှာရှိတဲ့ မြို့နယ် ၂၅ ခုမှာ ပြီးခဲ့တဲ့ ဇွန်လကနေ သြဂုတ်အထိ လူသတ်မှုဖြစ်စဥ်ပေါင်း ၅ ဒါဇင်နီးပါးရှိခဲ့ပြီး သေဆုံးသူအရေအတွက်ဟာလည်း ၉၀ ထက်မနည်းရှိတယ်လို့ လေ့လာစမ်းစစ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” မကွေးတိုင်းမှာ ၊ မကွေး ၊ မင်းဘူး ၊ သရက် ၊ ပခုက္ကူ ၊ ဂန့်ဂေါ ဆိုပြီး ခရိုင် ၅ ခုရှိတယ် ၊ လူသတ်မှုဖြစ်စဥ်အများဆုံး ပေါ်ပေါက်တဲ့ ခရိုင်တွေက ပခုက္ကူခရိုင်နဲ့ ဂန့်ဂေါခရိုင်ဖြစ်တယ် ” လို့ လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး လေ့လာစမ်းစစ်နေတဲ့ ပခုက္ကူဒေသခံ တစ်ယောက် ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လကနေ သြဂုတ်အထိ ဂန့်ဂေါခရိုင်ထဲက ဂန့်ဂေါ ၊ ထီးလင်း၊ ဆောစတဲ့ ၃ မြို့နယ်မှာ ၅ လောင်းပြိုင် ၊ ၃ လောင်းပြိုင်နဲ့ ၂ လောင်းပြိုင် လူသတ်မှုဖြစ်စဥ်တွေ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။
 
ဂန့်ဂေါမြို့ခံ တစ်ယောက်က ” ဂန့်ဂေါနယ်ဘက်က ဖြစ်စဥ်တွေက ဖြစ်ပွားတဲ့အရေအတွက်ထက် သေဆုံးသူ အရေအတွက်က ပိုများတယ် ၊ ဇွန် ၁ ရက်ကဖြစ်သွားတဲ့ ဂန့်ဂေါ-ကလေးကားလမ်း ရဲလှရွာလမ်းခွဲက ဖြစ်စဥ်မှာ ဝန်ထမ်း ၅ ဦး လူရော ကားပါ မီးရှို့သတ်ခံရတဲ့ ၅ လောင်းပြိုင် ၊ ကုက္ကားရွာမှာက စိုက်ပျိုးရေးပညာရှင် ၂ ဦးနဲ့ အိမ်ရှင်အမျိုးသမီး ၁ ဦးအပါအဝင် ၃ လောင်းပြိုင် ၊ ဝါးရှင်းချောင်းဆင်းက လေထိုးကျွတ်ဖာ ဆိုင်ရှင် လင်မယား ၂ လောင်းပြိုင် စတာတွေ အပါအဝင် လူသတ်မှုဖြစ်စဥ် ၁ ဒါဇင်ကျော်ရှိတယ် ” လို့ပြောပါတယ်။
 
ဒါ့အပြင် ထီးလင်းမြို့နယ်ဘက်မှာ ထွေအုပ်စာရေး မိသားစု ၂ လောင်းပြိုင် သတ်ခံရတာနဲ့ ကားသမားတချို့ သတ်ခံရတဲ့ ဖြစ်စဥ်တွေရှိခဲ့ပြီး ဆောမြို့နယ်မှာ ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး အမျိုးသမီးရဲ့ မိသားစု ၃ လောင်းပြိုင် သတ်ခံရတာတွေ ပါဝင်တယ်လို့ သိရပါတယ်။
 
ပခုက္ကူခရိုင်ထဲက မြို့နယ်တွေအနက် ပေါက်မြို့နယ်နဲ့ ရေစကြိုမြို့နယ်တွေမှာ ဦးခေါင်းဖြတ်သတ်တဲ့ လူသတ်မှုမျိုးတွေ အပါအဝင် မီးရှို့သတ်ဖြတ်တဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။
 
ဒါ့အပြင် မကွေးတိုင်းထဲက တခြားမြို့နယ်တွေမှာလည်း လူသတ်မှုဖြစ်ပွားတာတွေရှိခဲ့ပေမယ့် အလောင်းပြိုင်လူသတ်မှု ဖြစ်ပွားတာမျိုး နည်းပါတယ်။
 
အဲ့ဒါကြောင့် မကွေးတိုင်းထဲက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၃ လအတွင်း လူသတ်မှုကြောင့် သေဆုံးရသူတွေဟာ ကျည်ဆံဖောက်ဝင်ဒဏ်ရာ ၊ မီးလောင်ဒဏ်ရာ ၊ ထိုးသွင်း ပြတ်ရှ ဒဏ်ရာတွေအပြင် ဦးခေါင်းပြတ် ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
 
အဲ့ဒီ သေဆုံးသူတွေက ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူး ၊ စစ်မှုထမ်းဟောင်း အငြိမ်းစား ၊ သူနာပြု ဆရာမ ၊ ကျောင်းဆရာမနဲ့ သတင်းပေး ဒလန်လို့အမည်ထွက်နေသူတွေ ဖြစ်တယ်လို့ လူသတ်မှုလေ့လာ စမ်းစစ်နေတဲ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
ဒါ့အပြင် ဒဏ်ရာဒဏ်ရာချက်တွေနဲ့ သေဆုံးပုတ်ပွနေတဲ့ အမည်မသိ ရုပ်အလောင်း တွေ့ရှိတာတွေနဲ့ ပတ်သက်ပြီး အဲ့ဒီ လူသတ်မှုအရေအတွက် ကိန်းဂဏန်ထဲမှာ ထည့်သွင်းရေတွက်ထားတာ မပါဘူးလို့ သိရပါတယ်။
 
နောက်ပြီး ပစ်ခတ်မှုတွေဖြစ်ကြလို့ သေဆုံးခဲ့သူရဲ့အရေအတွက်ဟာ လူသတ်မှုနဲ့ မသက်ဆိုင်တာကြောင့် ရေတွက်ထားတာ မပါဘူးလို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #မကွေး

Related posts

Leave a Comment

VOM News

FREE
VIEW