ပင်လည်ဘူးမှာ အမှုစစ်သွားတဲ့ ရဲတွေ သေနတ်နဲ့ပစ်ခံရပြီး ရဲတပ်သား(၁)ဦးသေဆုံး

စက်တင်ဘာ ၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်က ရဲတွေဟာ မနေ့ စက်တင်ဘာ ၃ ရက် ညနေပိုင်းက အမှုကိစ္စစစ်ဆေးပြီး ရဲစခန်းကို ပြန်လာတဲ့လမ်းမှာ
အမည်မသိအဖွဲ့ ၁ ဖွဲ့ရဲ့ ပစ်ခတ်မှုကိုခံခဲ့ရပြီး ရဲတပ်သား(၁)ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိတယ်လို့ ပင်လည်ဘူးဒေသခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
 
ပင်လည်ဘူးပြည်သူ့ဆေးရုံး အရေးပေါ်လူနာဌာနနဲ့ နီးစပ်သူက” ဒဏ်ရာရ ရဲ ၂ ယောက်အရေးပေါ်ရောက်လာတယ် ၊ရဲတပ်သား ပီရှင်းနဲ့ ရဲတပ်သား ရာဇာထွန်းဖြစ်တယ် ၊ ညနေ ၄ နာရီဝန်းကျင်မှာ ရဲတပ်သား ပီရှင်းက ရရှိ သေနတ်ဒဏ်ရာနဲ့ သေသွားတယ် ၊ ကျန်တဲ့ရဲတစ်ယောက်ကတော့ ဆေးကုသမှုခံနေယူဆဲ “လို့ ပြောပါတယ်။
 
အဲ့ဒီ ရဲတွေတိုက်ပွဲဖြစ်တဲ့နေရာနဲ့ ၁ မိုင်လောက်ပဲ ဝေးတဲ့ မြေလင်းရွာခံ တစ်ယောက်ကလည်း ” ပေါက်ကွဲသံတွေနဲ့ ပစ်ခတ်သံတွေ နာရီဝက်၊ ၁ နာရီနီးပါးကြားရတယ်၊
ရဲတွေ တိုက်ပွဲဖြစ်တာက ပင်လည်ဘူးမြို့ရဲ့ တောင်ဘက် ၁၅ မိုင်လောက်ဝေးတယ် ၊နန့်အောင်ရွာနဲ့ ပန်းခူးရွာအကြားမှာ ” လို့ ပြောပါတယ်။
 
ဒါ့အပြင် ပင်လည်ဘူးဒေသခံတစ်ယောက်က ” ရေးကြီးသုတ်ပြာနဲ့ ရဲကားတွေသွားတာတွေ့ရတယ် ၊ တိုက်ပွဲဖြစ်ပြီး ဒဏ်ရာရတယ်လို့ သိရတယ်၊ အခု ပင်လည်ဘူး ဆေးရုံးမှာ ရောက်နေကြတယ် ” လို့ ပြောပါတယ်။
 
ပင်လည်ဘူးမြို့မရဲစခန်းက ရဲအုပ်ရာထူးအဆင့်ရှိတဲ့ ရဲတစ်ဦးနဲ့ အခြားအရာရှိ ၁ ဦး ပါအဝင် ရဲဝန်ထမ်း ၆ ယောက်ဟာ လူသတ်မှု ၁ ခုအတွက် အမှုစစ်ဆေးဖို့ မြေလင်းရွာကနေ အပြန်လမ်းမှာ မိုင်းထောင်ဖောက်ခွဲပြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခံရတာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ၊ နယ်စပ်ရေးရာနဲ့ လုံခြုံရေးဝန်ကြီးရုံး တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းက ပင်လည်ဘူးမြို့နယ် ၊ တောင်ဖီရွာအနီးမှာ မိုသောက်ကြယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့ ဥက္ကဌ လဲဖြစ် ၊ ကင်းပန်းကျေးရွာအုပ်စုရဲ့ အုပ်စုအုပ်ချုပ်ရေးမှူးလဲဖြစ်သူ ဦးခင်ဇော်ဝင်း ဆိုသူဟာ ရွာလမ်းတံတားပြုပြင်နေချိန် သေနတ်နဲ့ ၄ ချက်ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ပေါက်ပေါက်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ပင်လည်ဘူး

Related posts

Leave a Comment

VOM News

FREE
VIEW