အင်းစိန်မြို့နယ် က+ခရပ်ကွက်က ရာအိမ်မှူးတစ်ဦးသေနတ်နဲ့ပစ်သတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၄-၂၀၂၁
KK(VOM)
 
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ က+ခရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးပေါ်မှာ ဒီကနေ့နေ့လယ်၂နာရီက
ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
 
အင်းစိန်မြို့နယ် ဘုရင်နောင်လမ်းတွင်နေထို
င်သူတစ်ဦးက ” ဆိုင်ကယ်နဲ့အပြင်ထွက်လာတုန်းပစ်တာ၊ ခ /၅လမ်းထိပ်မှာပစ်တာပါ၊ ခေါင်းကို လေးချက်တိတိပစ်သွားတာ ပွဲချင်းပြီးပဲ”လို့ ပြောပါတယ်။
 
သေဆုံးသူဟာ စိုးမြင့်ထွေး(ခ)အာနိုးဖြစ်ပြီးက+ခရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ရာအိမ်မှုးတစ်ဦးဖြစ်တယ်လို့ ရပ်ကွက်နေသူတွေဆီကနေ သိရပါတယ်။
 
လက်တလောမှာ စစ်တပ်နဲ့ရဲတွေဟာ အခင်းဖြစ်ပွားရာနေရာနဲ့ ရပ်ကွက်အတွင်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့သြဂုတ်လအတွင်းကလည်း အင်းစိန်မြို့နယ် ထွေအုပ်စာရေးဝန်ထမ်းတစ်ဦးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW