ဆိပ်ကြီးခနောင်တိုမှာ ကင်းလှည့်နေတဲ့ ရဲတစ်ဦး ဓားနဲ့ခုတ်ခံရ

ရန်ကုန်၊စက်တင်ဘာ ၅၊ ၂၀၂၁
KK(VOM)
 
ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါးရပ်ကွက်အနီးမှာ ဒီကနေ့မနက် ၁၁နာရီက ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဒဏ်ရာရရှိခဲ့လို့ ဆေးရုံပို့လိုက်ရတယ်လို့ ဒေသတွေဆီက သိရပါတယ်။
 
ဆမာဒူးဝါးရပ်ကွက်နေသူတစ်ဦးက ” အိမ်ထဲကနေ ဌက်ကြီးတောင်နဲ့ထွက်ခုတ်တာ၊ အဲ့ဒီရဲက နောက်မှာကျန်ခဲ့တော့ သူပဲထိတာ၊ ခုတ်တဲ့သူက ခုတ်ပြီးထွက်ပြေးတာ”လို့ VOMကို ပြောပါတယ်။
 
လှည့်ကင်းလှည့်သူတွေဟာ မြို့နယ်အတွင်းလှည့်လည်နေပြီး ဆမားဒူးဝါးရပ်ကွက်၊ ငုဝါလမ်းအရောက်မှာ နောက်ဆုံးဆိုင်ကယ်နဲ့လိုက်ပါလာတဲ့ ဒုတပ်ကြပ်တစ်ဦးဓားနဲ့ခုတ်ခံရတာဖြစ်တယ်လို့ အမည်မဖော်လို ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
 
ဓားနဲ့ခုတ်ခံရသူမှာ ဒုတပ်ကြပ်တင်ထွန်းအောင်ဖြစ်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ထားတယ်လို့ သူကပြောပါတယ်။
 
ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးရမိရေးအတွက် စစ်တပ်နဲ့ရဲတွေဟာ ရှာဖွေနေတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #ရန်ကုန် #ရဲတစ်ဦး #ဓားခုတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW